ဆိပ်ကမ်းမြို့နယ်၌ မော်တော်ယာဉ်ခေါင်းခန်း မီးလောင်မှုကြောင့် ၁ ဦး သေဆုံး

၂၀၁၈ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ ၂၃၀၀ အချိန်တွင် ဆိပ်ကမ်းမြို့နယ် ပန်းဆိုးတန်း လူကူးခုံးကျော် တံတားအနီး လမ်းမပေါ်၌ရပ်ထားသည့် စိုးလင်းအောင်(၂၃)နှစ် မောင်းနှင်သည့် 5C/ ×××× (၁၀) ဘီးကွန်တိန်နာယာဉ်၏ ရှေ့ခေါင်းခန်းအတွင်း၌ ခြင်ဆေးခွေမီးမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ လူ (၁)ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်မှုအရ သိရပါသည်။

 အဆိုပါအခန်းအတွင်း အိပ်နေသည့် ယာဉ်နောက်လိုက် ကိုနိုင်(၃၅)နှစ်မှာ မီးလောင်သေဆုံးခဲ့သဖြင့် စိုးလင်းအောင်(ဖမ်းမိ) အား ဆိပ်ကမ်းမြို့မရဲစခန်းမှ (ပ) ၁၂၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၈၅ (ပေါ့လျော့မှုကြောင့် လူသေမှု/ မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။

သစ်ထူးလွင်
ဆိပ်ကမ်းမြို့နယ်၌ မော်တော်ယာဉ်ခေါင်းခန်း မီးလောင်မှုကြောင့် ၁ ဦး သေဆုံး ဆိပ်ကမ်းမြို့နယ်၌ မော်တော်ယာဉ်ခေါင်းခန်း မီးလောင်မှုကြောင့် ၁ ဦး သေဆုံး Reviewed by THITHTOOLWIN on 23:15 Rating: 5
Powered by Blogger.