တရုတ်အတွက် သူလျှိုလုပ်မှုနဲ့ ကန်ထောက်လှမ်းရေးဟောင်း ဖမ်းခံရ


တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ရန်ကြိုးပမ်းမှု စွဲချက်နဲ့ ကာကွယ်ရေး ဆိုင်ရာ ထောက်လှမ်းရေး အေဂျင်စီက အရာရှိဟောင်းတယောက်ကို ဖမ်းဆီးလိုက်တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

တရုတ်နိုင်ငံကို ပျံသန်းမယ့် လေယာဉ် မစီးခင် Ron Rockwell Hansen ကို ဆီးယက်တဲလ် လေဆိပ်အသွားမှာ ပြီးခဲ့တဲ့ စနေနေ့က ထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ တရားရေး ဌာနက ထုတ်ပြန်ပါတယ်။

တရုတ်က အဆက်အသွယ်တွေကို သတင်းပေးဖို့ အတွက် ၂၀၁၃ နဲ့ ၂၀၁၇ အတွင်း အမေရိကန်မှာ ကျင်းပတဲ့ စစ်ရေးနဲ့ ထောက်လှမ်းရေး ဆိုင်ရာ ညီလာခံတွေကို Ron Rockwell Hansenက ပုံမှန် တက်လေ့ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။

တရုတ် အစိုးရအတွက် ထောက်လှမ်းမှုတွေ တရားမဝင် လုပ်ရင်း အနည်းဆုံး ဒေါ်လာ ရှစ်သိန်းလောက် သူလက်ခံရခဲ့တယ်လို့လည်း ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
တရုတ်အတွက် သူလျှိုလုပ်မှုနဲ့ ကန်ထောက်လှမ်းရေးဟောင်း ဖမ်းခံရ တရုတ်အတွက် သူလျှိုလုပ်မှုနဲ့ ကန်ထောက်လှမ်းရေးဟောင်း ဖမ်းခံရ Reviewed by THITHTOOLWIN on 08:53 Rating: 5
Powered by Blogger.