![]() |
မက္ကဆီကိုနိုင်ငံ၌ ယာဉ်တိမ်းမှောက်ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ) |
မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး နှင့် ကုန်တင် ထရပ်ကားတစ်စီး တို့ ဇွန်လ ၂ ရက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ဝ ဦးသေဆုံးသွားကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အခြားလူ ၁၁ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း နှင့် ယာဉ်မတော်တဆမှုမှာ တက်ခ်ကိုကို(Texcoco) နှင့် ကာလ်ပူလယ်ပန်(Calpulalpan) မြို့ နှစ်မြို့ ကြားဆက်သွယ်ပေးထားသည့် အဝေးပြေးလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
![]() |
မက္ကဆီကိုနိုင်ငံ၌ ယာဉ်တိမ်းမှောက်ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ) |
အဆိုပါ ထရပ်ကားသည် အိမ်ဆောက်ပစ္စည်းများကို တင်ဆောင်လာကြောင်း ၊ ယာဉ်တိုက်မှုကြောင့် ကားနှစ်စီးစလုံးမှာ အဝေးပြေးလမ်းမ ဘေးသို့ ထိုးကျသွားကြောင်း နှင့် ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ ဆောင်ပေးထားကြောင်း ရဲတပ်ဖွဲ့ ကဆိုသည်။
မက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူး Alfredo del Mazo က သေဆုံးဒဏ်ရာရသူများ၏ မိသားစုဝင်များကို တွေ့ ဆုံအားပေးရန် တာဝန်ရှိသူများကို စေလွှတ်ထားကြောင်း ၄င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“ Tepetlaoxtoc ရဲ့ အဝေးပြေးလမ်းမပေါ်မှာ ဒီနေ့ မနက်ကဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရသွားကြသူတွေရဲ့ မိသားစုဝင်တွေအတွက် ကြေကွဲ ဝမ်းနည်းမိပါတယ်” ဟု Del Mazo က ဆိုသည်။
(Xinhua)
http://xinhuamyanmar.com
မက္ကဆီကိုနိုင်ငံအလယ်ပိုင်း၌ ယာဉ်တိုက်မှုကြောင့် လူ ၁ဝ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
10:04
Rating:
