မိုးသည်းထန်စွာရွာသွန်းရာမှ ရေစီးကြမ်းကာ ဖားကန့်-လုံးခင်းသွား ကားလမ်းပေါ်မှကွန်ကရစ်တံတားတစ်စင်း ကျိုးကျပျက်စီး


ဖားကန့် ဇွန် ၂၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရေစီးကြမ်းကာ ဖားကန့်-လုံးခင်းသွားကား လမ်းပေါ်ရှိ မှော်စီစာကျေးရွာနှင့်နမ္မဖြစ်ကျေးရွာတို့အား ဆက်သွယ် ထားသော ကွန်ကရစ်တံတားတစ်စင်းကျိုးကျမှု ယနေ့နေ့လည် (၁၂)နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။

အဆိုပါကွန်ကရစ်တံတားသည် အရှည်(၂၀)ပေခန့်၊ အကျယ်(၁၀)ပေ ခန့်ဖြစ်ပြီး တံတား ကျိုးကျမှုကြောင့် ခေတ္တကားလမ်းများပိတ်ဆို့ခဲ့သော် လည်း တံတားကျိုးကျသည့်နေရာသို့ မဟာ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီမှ ဘက်ဟိုးယာဉ်တစ်စီးဖြင့် ယာယီရှောင်ကွင်းလမ်းပြုလုပ်ပေး ထားပြီး ကား။ဆိုင်ကယ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း ယမန်နေ့က မိုးရေချိန်(၃.၁၅)လက်မ၊ ယနေ့တွင် မိုးရေချိန်(၄.၅၅) လက်မ ရွာသွန်းကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပြီး မြို့ပေါ်ရပ်ကွက်အနိမ့်ပိုင်းများ ဖြစ်သည့် မြို့မရပ်ကွက် ကျောက်ဝိုင်းအတွင်းသို့လည်းကောင်း၊ ငှက်ပျောတောရပ်ကွက် ကမ်းနား လမ်းဘက်ခြမ်းတွင်လည်းကောင်း၊ မရှီကထောင်ရပ်ကွက် (အ.လ.က)ကျောင်းဘက်တွင် လည်းကောင်း၊ မော်ဝမ်းရပ်ကွက် ဝန်ထမ်းအိမ်ရာဘက်ခြမ်းတွင်လည်းကောင်း ဥရုချာင်းရေများ ဝင်ရောက်လျက်ရှိသည်။

မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးသည်းထန်စွာရွာသွန်းရာမှ ရေစီးကြမ်းကာ ဖားကန့်-လုံးခင်းသွား ကားလမ်းပေါ်မှကွန်ကရစ်တံတားတစ်စင်း ကျိုးကျပျက်စီး မိုးသည်းထန်စွာရွာသွန်းရာမှ ရေစီးကြမ်းကာ ဖားကန့်-လုံးခင်းသွား ကားလမ်းပေါ်မှကွန်ကရစ်တံတားတစ်စင်း ကျိုးကျပျက်စီး Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.