လွိုင်ကော်မြို့နယ်၌ ယမ်းချောင်း ၄,၈၀၀ ချောင်းနှင့် စနစ်တံကြိုးတွဲလျက် ဒီတိုနေတာ ၄,၀၀၀ ချောင်း ဖမ်းဆီးရမိ

၂၀၁၈ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ ၁၁၄၅ အချိန်တွင် လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာ စက်မှုဇုန်ရှိ ယာဉ်ကြီးရပ်နားစခန်းသိုလှောင်ရုံသို့ ကယားပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားမှုဖြင့် ကယားပြည်နယ် သတ္တုတွင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်သည့်အဖွဲ့မှ ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာ ယမ်းချောင်း ၄,၈၀၀ ချောင်းနှင့် စနစ်တံကြိုးတွဲလျက် ဒီတိုနေတာ ၄,၀၀၀ ချောင်း ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်မှုအရ သိရပါသည်။

 ဒေါ်မြမြစိမ်း(ခ)အားတုံ(၄၃)နှစ် ငှားရမ်းထားသော သိုလှောင်ရုံအခန်းအမှတ် (၉/၁၀) အတွင်း၌ စက္ကူဖာဖြင့်ထည့်ထားသည့် အရှည် ၉ လက်မ၊ လုံးပတ် ၃ လက်မ ခန့်ရှိ ယမ်းချောင်း ၄,၈၀၀ ချောင်း၊ အရှည် ၁၂ ပေခန့်ရှိ အဖြူရောင်စနက်တံကြိုးနှင့် တွဲလျက် အရှည် ၂ လက်မခန့်ရှိ အနက်ရောင် ဒီတိုနေတာ ၄,၀၀၀ ချောင်းတို့အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

 ဒေါ်မြမြစိမ်း(ခ)အားတုံ (ဖမ်းမိ)အား လွိုင်ကော်မြို့မရဲစခန်းမှ (ပ)၉၄/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
လွိုင်ကော်မြို့နယ်၌ ယမ်းချောင်း ၄,၈၀၀ ချောင်းနှင့် စနစ်တံကြိုးတွဲလျက် ဒီတိုနေတာ ၄,၀၀၀ ချောင်း ဖမ်းဆီးရမိ လွိုင်ကော်မြို့နယ်၌ ယမ်းချောင်း ၄,၈၀၀ ချောင်းနှင့် စနစ်တံကြိုးတွဲလျက် ဒီတိုနေတာ ၄,၀၀၀ ချောင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 23:12 Rating: 5
Powered by Blogger.