သက်​ချုပ်​ အစစ်​ခံ​နေရစဉ်​ ၌ပင်​ ရွာသားအား ထပ်​အနိုင်​ကျင့်ပြန်​တဲ့ ရဲတပ်​ကြပ်​ကြီးအား ချုပ်​ထားလိုက်​ပြီဟုဆို


ပေါင်​ ဇွန်​ ၁၁

ပေါင်​မြို့နယ်​ ရင်းငြိမ်​ရဲကင်းစခန်းမှ ရဲတပ်​ကြပ်​ကြီး သိန်းလှိုင်​ဦး သည်​ ရွာသားတစ်​ဦးကို ထပ်​မံအနိုင်​ကျင့်​ ထိုးကြိတ်​မှု ပြုလုပ်​ခဲ့သဖြင့် ဇွန်​လ ၁၁ ရက်​​နေ့က ချုပ်​​နှောင်​ထားလိုက်​ပြီဖြစ်​​ကြောင်း ​ပေါင်​မြို့နယ်​ရဲတပ်​ဖွဲ့ကို​ မေးမြန်းသိရသည်

"အရင်​ဖြစ်​စဉ်​နဲ့ သူ့ကို သက်​​သေခံအကျဉ်းချုပ်​ရယူစစ်​​ဆေး​နေပါတယ်​​ပေါင်​ရဲစခန်းမှာတွဲဘက်​တာဝန်​ချထားတုန်း အဲ့ဒီက​နေလာပြီး ​ကျောက်​​ရေတွင်းရွာကိုသွားတယ်​ ​အောင်​ကြီးဆိုတဲ့ လူကို ထိုးကြိတ်​တာ​တွေလုပ်​တာပါ်​"ဟု ရင်းငြိမ်​ ရဲကင်းစခန်းမှုးရဲအုပ်​ ​ကျော်​ဇင်​မင်းကို​မေးမြန်းစဉ်​ ၄င်းကပြန်​လည်​​ဖြေဆိုသည်

ရဲတပ်​ကြပ်​ကြီးသိန်းလှိုင်​ဦးသည်​ ရင်းငြိမ်​ရဲကင်းစခန်းတွင်​တာဝန်​ကျ​နေစဉ်​က အ​ဖော်​ပါသွား​သောရဲတပ်​သားတစ်​ဦးနှင့်​အတူ ​ကျောက်​​ရေတွင်းရွာမှ ​ခြေတစ်​ဖက်​မသန်​​သော လူငယ်​တစ်​ဦးကို ထိုးကြိတ်​ရိုက်​နှက်​ခဲ့ခြင်း​ကြောင့် ပေါင်​ရဲစခန်းတွင်​အမှုဖွင့်​ခံထားရသည့်​အပြင်​ ရဲစည်းကမ်းထိန်းသိမ်း​ရေးဥပ​ဒေအရလည်းအ​ရေးယူခံထားရကာ သက်​​သေခံအကျဉ်းချုပ်​ရယူစစ်​​ဆေးခြင်း အဆင့်​ဖြင့်​ ရှိ​နေပြီး​ပေါင်​ရဲစခန်းသို့ တွဲဘက်​တာဝန်​ချထား သည်​ဟုသိရသည်

ရဲတပ်​ကြပ်​ကြီးသိန်းလှိုင်​ဦးသည်​ ဇွန်​လ ၁၀ ရက်​​နေ့ က ​ပေါင်​ရဲစခန်းက​နေပြီး ခွင့်ပြုချက်​မရှိပဲ ထွက်​သွားပြီး ​ကျောက်​​ရေတွင်းရွာဘက်​သို့ သွား​ရောက်​ကာ ​အောင်​ကြီး ဆိုသူကို ထိုးကြိတ်​ရိုက်​နှက်​မှု ထပ်​မံပြုလုပ်​ခဲ့ခြင်း ဖြစ်​သည်​ဟုဆိုသည်

ယခုအခါ အဆိုပါ ရဲတပ်​ကြပ်​ကြီးကို ​ပေါင်​မြို့မရဲစခန်းအချုပ်​တွင် ​ဇွန်​လ ၁၁ ရက်​​နေ့ကစတင်​ ချုပ်​ထားလိုက်​ပြီဟုသိရသည်

"ချုပ်​ထားလိုက်​ပါပြီ ခွင့်​မဲ့ပျက်​ကွက်​ပြီး ပြည်​သူကိုအနိုင်​ကျင့်​တဲ့ လုပ်​ရပ်​ကိုလည်း စုံခုံ သက်​ချုပ်​လုပ်​​နေပါတယ်​ အခုချုပ်​ထားလိုက်​ရတာက ​နောက်​ဖြစ်​စဉ်​အ​ပေါ် အ​ရေးယူထားတာပါ အရင်​ အမှု​တွေကိုလည်း သူရင်​ဆိုင်​ရအုံးမှာပါ" ဟု ​ပေါင်​မြို့နယ်​ရဲတပ်​ဖွဲ့မှုးရဲမှုး​အေး​ဆွေကို ဆက်​သွယ်​​မေးမြန်းခဲ့စဉ်​ ၄င်းပြန်​လည်​​ဖြေဆိုခဲ့သည်​။

Paung Daily
https://www.facebook.com/paungdaily

သက်​ချုပ်​ အစစ်​ခံ​နေရစဉ်​ ၌ပင်​ ရွာသားအား ထပ်​အနိုင်​ကျင့်ပြန်​တဲ့ ရဲတပ်​ကြပ်​ကြီးအား ချုပ်​ထားလိုက်​ပြီဟုဆို သက်​ချုပ်​ အစစ်​ခံ​နေရစဉ်​ ၌ပင်​ ရွာသားအား ထပ်​အနိုင်​ကျင့်ပြန်​တဲ့ ရဲတပ်​ကြပ်​ကြီးအား ချုပ်​ထားလိုက်​ပြီဟုဆို Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.