![]() |
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကို တွေ့ရစဉ်/ AFP Photo |
သူ့ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး အတိအကျမသိရသေးပေမဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို သူသွားရောက်မှာဖြစ်ကြောင်း ဦးမြင့်သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်က ကုလအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဂူတာရက်စ်နဲ့ မစ္စစ် ခရစ္စတင်း ရှာရနာ ဘာဂနာ တို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာသူတွေအရေး ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဝါရင့်သံအမတ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ မစ္စစ် ခရစ္စတင်း ရှာရနာ ဘာဂနာ ကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဧပြီ ၂၆ ရက်နေ့က ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
အရင်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလက်ထက်က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖြစ် မစ္စတာဗီဂျေနမ်ဘီးယားက တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီတာဝန်တွေကို မစ္စစ် ခရစ္စတင်း ရှာရနာ ဘာဂနာ က ဆက်ခံရမှာလည်းဖြစ်ပါတယ်။
မြန်မာအစိုးရက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် ယန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့ပြီး အထူးကိုယ်စားလှယ်အဖြစ်နဲ့ ရောက်လာမယ့် ဒီခရီးစဉ်ကို အများက စိတ်ဝင်စားနေပါတယ်။
RFA Burmese
https://www.rfa.org/burmese
ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဇွန်လလယ်မှာလာမည်
Reviewed by THITHTOOLWIN
on
23:23
Rating:
