အင်ဒိုနီးရှားက ဒေသဆိုင်ရာလွှတ်တော်ကို တိုက်ခိုက်ဖို့စီစဉ်တဲ့ ကျောင်းသားဟောင်း ၃ ဦးကို ဖမ်းဆီး


အင်ဒိုနီးရှားနိုင်ငံက ဒေသဆိုင်ရာ လွှတ်တော်တခုကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်စီစဉ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဟောင်း သုံးဦးကို အကြမ်းဖက်နှိမ်နင်းရေးရဲတပ်ဖွဲ့က စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။

သူတို့ဟာ ဆုမတြားကျွန်းက ရီအောပြည်နယ် လွှတ်တော်ကို ဖေါက်ခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့ကြတယ်လို့ သံသယဖြစ်ဖွယ်ရှိတဲ့အတွက်၊ ရီအောတက္ကသိုလ်ကို စီးနင်းဝင်ရောက်ရှာဖွေခဲ့ရာမှာ ပိုက်ဗုံးတလုံး၊ လက်လုပ်လက်ပစ်ဗုံးတလုံ နဲ့ ဖေါက်ခွဲရေးပစ္စည်းတွေ၊ သေနတ်တလက်နဲ့ လေး မြားလက်နက်တွေ တွေ့ရှိရမိခဲ့တယ်လို့ ရဲ က ပြောပါတယ်။

လေ့လာချက်စစ်တမ်းတွေအရ အခုအခါ အင်ဒိုနီးရှားကျောင်းသားတွေဟာ IS အဖွဲ့အပေါ် အထူးတလည် ထောက်ခံနေကြပြီး၊ အင်ဒိုနီးရှားကို အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ပုံစံမျိုး လိုလားနေကြတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အင်ဒိုနီးရှားက ဒေသဆိုင်ရာလွှတ်တော်ကို တိုက်ခိုက်ဖို့စီစဉ်တဲ့ ကျောင်းသားဟောင်း ၃ ဦးကို ဖမ်းဆီး အင်ဒိုနီးရှားက ဒေသဆိုင်ရာလွှတ်တော်ကို တိုက်ခိုက်ဖို့စီစဉ်တဲ့ ကျောင်းသားဟောင်း ၃ ဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 10:41 Rating: 5
Powered by Blogger.