ဘယ်လေယာဉ်တင်သင်္ဘောနဲ့ ဘယ်တိုက်လေယာဉ်ကမှ အချုပ်အခြာနဲ့ နယ်မြေပိုင်ဆိုင်မှုအတွက် ကာကွယ်စောင့်ရှောက်မယ့် တရုတ်နိုင်ငံရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်ကို မခြောက်လှန့်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင် စပရက်လီကျွန်းစုအနီး အမေရိကန်လေတပ်က B-52 အမျိုးအစား ဗုံးကျဲ လေယာဉ် ၂ စီး ဖြတ်သန်းမောင်းနှင် အင်အားပြခဲ့အပြီး တရုတ်နိုင်ငံခြားရေး ဌာနက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
ဒီကျွန်းစုပေါ်မှာ တရုတ်နိုင်ငံက လေယာဉ်ပြေးလမ်းတခုနဲ့ တခြား ထောက်ပံ့ရေး အဆောက်အဦးတွေ မကြာခင်က ဆောက်လုပ်ထားပါတယ်။
အခုလို အငြင်းပွားတဲ့နေရာကို လာရောက်ပျံသန်းတာဟာ ပြဿနာကို စစ်ရေးအရဖြေရှင်းလိုတဲ့သဘောလို့ ယူဆရမှာဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။
တောင်တရုတ်ပင်လယ်က တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ကြေညာထားတဲ့ ကျွန်းစုတွေကို ထိုင်ဝမ်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရုနိုင်းနဲ့ ဖိလစ်ပိုင်တို့ကလည်း ပိုင်ဆိုင်ကြောင်း အငြင်းပွားနေကြပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ ဒီရေကြောင်းပိုင်နက်ဟာ နိုင်ငံတကာ လွတ်လပ်စွာ သွားလာခွင့်ရှိရမယ့် ရေကြောင်းလမ်းဖြစ်ပြီး မဟာမိတ်နိုင်ငံငယ်တွေဘက်က ရပ်တည်နေတာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဘယ်သင်္ဘောနဲ့ လေယာဉ်ကမှ တရုတ်ကို မခြိမ်းခြောက်နိုင်ကြောင်း တရုတ်ပြောကြား
Reviewed by THITHTOOLWIN
on
21:31
Rating:
