ဇွန်လ ၄ ရက်၊ DMG
ရခိုင်ပြည်နယ်၊ မအီမြို့တွင် ဇွန်လ ၃ ရက်နေ့ ညဥ့် ၁ နာရီကျော် အချိန်ခန့်က သုံးလောင်ပြိုင် လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၃ ရက်နေ့ ညဥ့် ၁ နာရီကျော် အချိန် ခန့်က မအီမြို့ အမှတ်(၂) ရပ်ကွက်သို့ တရားခံဖြစ်သူ ခင်မောင်လင်း အသက် ၂၀ နှစ်မှာ လွန်ခဲ့သော ၂ လဝန်းကျင်က ကွဲနေသော ဇနီးဖြစ်သူ၏ နေအိမ်သို့ လာရောက်ပြီး ယောက္ခမဖြစ်နှစ်ဦးကို ဓားဖြင့်ဝင်ခုတ်ပြီး ဇနီးဖြစ်သူကိုလည်း နေအိမ်မှဆွဲခေါ်ကာ ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မအီမြို့ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုကပြောသည်။
ယင်းသို့ ဓားဖြင့် ခုတ်သတ်သဖြင့် ယောက္ခမဖြစ်သူ ဦးရွှေအေးမောင် အသက် ၅၁ နှစ်နှင့် ဒေါ်မခင်သန်း အသက် ၄၇ နှစ်အပါဝင် တရားခံ၏ ဇနီးဖြစ်သူ မဝင်းဝင်းမော် အသက် ၂၀ နှစ်တို့ ၃ ဦးမှာ သေဆုံးသွားပြီး တရားခံ ခင်မောင်လင်းမှာ ထွက်ပြေးနေ၍ တရားခံဖမ်းဆီးရမိရေးအတွက် ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း မအီရဲစခန်းက သိရသည်။
ဓါတ်ပုံ - ကိုပိုင်
Development Media Group
https://www.facebook.com/dmgnewsagency/
မအီတွင် သုံးလောင်ပြိုင် လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
16:57
Rating:
