![]() |
တချို့တိုင်းရင်းသားတွေရဲ့ ပြည်နယ်နေ့နဲ့ အမျိုးသားနေ့ တွေဟာ ပင်လုံစာချုပ်နဲ့ ဆက်စပ်ပတ်သက်တဲ့ နေ့တွေလည်း ဖြစ် |
မြန်မာနိုင်ငံမှာ တနှစ်ကို ရုံးပိတ်ရက်ပေါင်း ၁၃၀ လောက်ရှိနေသလို ပြည်နယ် ၇ ခု ပြည်နယ်နေ့ကို ရုံးပိတ်ရက် သတ်မှတ်ပါက ပြည်နယ်အလိုက် ရုံးပိတ်ရက် တရက်စီတိုးလာမှာဖြစ်ပြီး တနှစ်ကို ရုံးပိတ်ရက်ပေါင်းကလည်း ၁၃၀ ကျော်ရှိနေတဲ့အတွက် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ဖို့ မသင့်ကြောင်း တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး နိုင်သက်လွင်က လွှတ်တော်မှာ ပြောပါတယ်။
တိုင်းရင်းသား ၁၃၀ ကျော် ရှိနေတဲ့အတွက် လူမျိုးစုတိုင်းရဲ့ အမျိုးသားနေ့နဲ့နှစ်သစ်ကူးနေ့တွေကို ရုံးပိတ်ရက် သတ်မှတ်ပါက ရုံးပိတ်ရက် အလွန်များပြားသွားမှာဖြစ်တယ်လို့လည်း နိုင်သက်လွင်က ပြောပါတယ်။
ပြည်ထောင်စုအစိုးရက မဆုံးဖြတ်ပေးနိုင်တဲ့ ဒီလိုကိစ္စမျိုးဟာ သက်ဆိုင်ရာ တိုင်းဒေသနဲ့ ပြည်နယ် လွှတ်တော်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆုံးဖြတ်ပြီး စဉ်းစားဆောင်ရွက်ရမယ့် အကြောင်းအရာဖြစ်တယ်လို့လည်း နိုင်သက်လွင်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ပြည်နယ်နေ့ အမျိုးသားနေ့တွေ အခမ်းအနားတွေကို ဒေသအလိုက် ပြည်နယ်တိုင်းအစိုးရတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပနေတာပါ။
တချို့တိုင်းရင်းသားတွေရဲ့ ပြည်နယ်နေ့နဲ့ အမျိုးသားနေ့ တွေဟာ ပင်လုံစာချုပ်နဲ့ ဆက်စပ်ပတ်သက်တဲ့ နေ့တွေလည်း ဖြစ်ပါတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာ ပါးစပ်နဲ့ ပြောနေလို့မရပါဘူး။ တိုင်းရင်းသားလူမျိုးများကို အခွင့်အရေးပေးပြီး ပြည်ထောင်စုစိတ်ဓါတ်မြှင့်တင်ပေးဖို့အတွက် နေ့ထူးနေ့မြတ်တွေကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့လိုတယ်လို့လည်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
အခုလိုမေးခွန်းမျိုးတွေဟာ မကြာခဏမေးလေ့ရှိတဲ့ မေးခွန်းတွေဖြစ်ပြီး နောင်မှာလည်း မေးလာကြဦးမှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ပြည်နယ်အလိုက်နေ့ထူးနေ့မြတ်တွေကို ရုံးပိတ်ရက် သတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရဆီမှာ တင်ပြညှိနှိုင်းဆောင်ရွက်ဖို့အတွက် မေတ္တာရပ်ခံကြောင်းလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က လွှတ်တော် အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
တိုင်းရင်းသား နေ့ထူးနေ့မြတ် ရုံးပိတ်ရက် သတ်မှတ်ဖို့မရှိ
Reviewed by THITHTOOLWIN
on
17:47
Rating:
