ကြက်တိုက်လောင်းကစားပြုလုပ်သည့်နေရာအား ဝင်ရောက်ဖမ်းဆီး ကြက်တိုက်လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအပြင်လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိ |
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဇွန်လ၂၄ရက်နေ့ ညနေပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ကြက်တိုက်လောင်းကစားပြုလုပ်သည့် နေရာအား ဝင်ရောက်ဖမ်းဆီးရာ ကြက်တိုက်လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအပြင် လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
ဇွန် ၂၄ရက် ညနေ ၄နာရီခွဲခန့် ကြက်တိုက်လောင်းကစားသူ ဦးပရွှေ၏ HARRIER အဖြူရောင်ယာဉ်အတွင်းမှ M-16၊ မောင်းပြန်ရိုင်ဖယ်တစ်လက်နှင့် ၎င်းကျည်ငါးတောင့်ပါသောကျည်အိမ်တစ်ခု၊ပွိုင့် -၂၂ တစ်လက်နှင့်၎င်းကျည် ၅တောင့်ပါ သော ကျည်အိမ်တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကြက်လောင်းကစားပြုလုပ်သူ တို့ကို ထုံးအိုင်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကြက်ဝိုင်းမှ လက်နက်ခဲယမ်းများ ဖမ်းဆီးမိ
Reviewed by THITHTOOLWIN
on
20:05
Rating: