မိုးကြိုးလျှပ်စီး စက်ကွင်းမိရာမှာ (၁)ဦးသေဆုံးပြီး၊ (၃)ဦးဒဏ်ရာရ


ဖားကန့်  ဇွန် ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ နမ့်ရေတောင်ကျေးရွာ၏ တောစပ်အနီး (ခမပည KJ-118247) ရဲစခန်းအနောက်တောင်ဘက် (၂)မိုင်ခန့်အကွာတွင် ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က တောင်ယာတဲအတွင်း မိုးရွာသဖြင့် မိုးခိုနေကြသူ (၄)ဦး မိုးကြိုးလျှပ်စီး စက်ကွင်းမိရာမှာ (၁)ဦးသေဆုံးပြီး၊ (၃)ဦး အကျောကျင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရပါသည်။

နမ့်ရေတောင်ကျေးရွာ၊  ဦးခင်မောင်ဝင်း(၅၀)နှစ်၊ ဦးဥာဏ်ထွန်း(၃၀)နှစ်၊ ဦးကျော်သူထွန်း(၂၄)နှစ်နှင့် ရပ်ကွက်(၇) တာမခန်ကျေးရွာနေသူတို့ (၄)ဦး မိုးကြိုးလျှပ်စီးစက်ကွင်းမိပြီး ဦးခင်မောင်ဝင်း မှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးကာ ကျန် (၃)ဦးမှာ အကျောကျင်ဒဏ်ရာများ ရရှိခဲ့ ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများ တာမခန်တိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး သေဆုံးသူ ဦးခင်မောင်ဝင်းအား တာမခန်တိုက်နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားလျက်ရှိကြောင်း မြန်မာ့အလင်း သတင်းအရ သိရပါသည်။

သစ်ထူးလွင်
မိုးကြိုးလျှပ်စီး စက်ကွင်းမိရာမှာ (၁)ဦးသေဆုံးပြီး၊ (၃)ဦးဒဏ်ရာရ မိုးကြိုးလျှပ်စီး စက်ကွင်းမိရာမှာ (၁)ဦးသေဆုံးပြီး၊ (၃)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.