ကနီ မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အိုင်တောင်ကျေးရွာရှိ အိမ်တစ်အိမ် တွင် မေ ၃ဝ ရက် ညနေပိုင်းက ပေါက်ကွဲသံထွက်ပေါ်လာပြီး (၁၃)နှစ် အရွယ် ကလေးငယ်၏ခန္ဓာကိုယ်ညာဘက်ခြမ်းတွင် ဒဏ်ရာများရရှိခဲ့ရာ အချိန်ကြာမြင့် စွာအားသွင်းထားသောဖုန်းမှ ပေါက်ကွဲခြင်းဖြစ်ဖွယ်ရှိသည်ဟု ကနီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းထံမှ သိရသည်။
မေ ၃ဝ ရက် ညနေ ၅ နာရီခွဲတွင် အိုင်တောင်ကျေးရွာရှိ နေအိမ် တစ်အိမ်တွင် ပြင်းထန်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်ပြီး မိခင်နှင့် အတူရှိနေသော မောင်ဖြိုးဇင်ဝင်းဇော် (၁၃)နှစ်၏ ခန္ဓာကိုယ်ညာဘက်ခြမ်း တွင် ဒဏ်ရာများစွာ ရရှိခဲ့သည့်အတွက် ကလေးကို မုံရွာဆေးရုံသို့ တင်ပို့ထားရ ကြောင်း သိရသည်။
''ကလေးရဲ့ ညာဘက်တစ်ခြမ်းလုံးမှာ ဒဏ်ရာအပေါက်တွေဖြစ်ကုန်ပါ တယ်၊ ကလေးရဲ့ပါးကအစ လက်၊ ပေါင်ညာဘက်တစ်ခြမ်းလုံးမှာ ဒဏ်ရာရတာ တွေ့ရတယ်၊ ဒဏ်ရာက အချွန်လေးတွေနဲ့ ထိုးမိခြစ်မိတဲ့ပြတ်ရှဒဏ်ရာတွေ တွေ့ရပါတယ်''ဟု ကိုဝင်းဇော်ခိုင်က ပြောသည်။
ဓါတ်ပုံ - Win Zaw Khaing (fb)
မျိုးဝင်းထွန်း(မုံရွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကနီမြို့နယ်တွင် ဖုန်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ် ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
11:29
Rating:
