ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေး ဥပဒေမဲ့ နှိမ်နင်းမှု ကန် ဝေဖန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းရေး
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ရပ်နဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဇွန် ၁၃ နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်၊၊

ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့တွေကြောင့် မေလအစောပိုင်းက လူပေါင်း ၁၄၇ ဦး မကသေဆုံးပြီး ၂၁၀၀၀ ဖမ်းဆီးခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတ၀ှမ်းမူးယစ်ဆေး တန်ပြန်လှုပ်ရှားမှုသတင်းတွေကြောင့် စိုးရိမ်မကင်းဖြစ်ရကြောင်း အမေရိကန်နိုင်ငံခြားရေးပြောခွင့်ရHeather Nauert ကအဲဒီကြေညာချက်မှာဖော်ပြထားတာပါ၊၊

ဥပဒေမဲ့ သတ်ဖြတ်မှုတွေ နဲ့ပတ်သက်ပြီး ခိုင်လုံတဲ့သတင်းတွေကို ပွင့်လင်းမြင်သာစွာ သေသေချာချာစုံစမ်းစစ်ဆေးဖို့လည်း တိုက်တွန်းထားပါတယ်၊၊ တရားမ၀င်မူးယစ်ဆေးပြဿနာဟာ တကမ္ဘာလုံးအတွက် အန္တရာယ်ရှိနေပေမဲ့ ကိုင်တွယ်တဲ့နေရာမှာ လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့၊ နိုင်ငံတကာစံနဲ့ရော ဘင်္ဂလားဒေ့ရှ်ဖွဲ့စည်းပုံဥပဒေနဲ့ပါ ကိုက်ညီအောင်ဆောင်ရွက်သင့်တယ်၊၊ ဘင်္ဂလားဒေ့ရှ်အနေနဲ့လိုက်နာရမယ့် လူ့အခွင့်အရေးတွေကို အပြည့်အ၀လိုက်နာမှုရှိဖို့မျှော်လင့်တယ်လို့ အဲဒီကြေညာချက်မှာရေးသားထားပါတယ်၊၊

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေး ဥပဒေမဲ့ နှိမ်နင်းမှု ကန် ဝေဖန် ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေး ဥပဒေမဲ့ နှိမ်နင်းမှု ကန် ဝေဖန် Reviewed by THITHTOOLWIN on 09:47 Rating: 5
Powered by Blogger.