ပခုက္ကူ ကျော်ဟိုတယ်ဝန်းအတွင်း မြေပြိုပြီး (၂)ဦးသေဆုံး


ပခုက္ကူမြို့နယ် (၁၅)ရပ်ကွက်က ကျော်ဟိုတယ်ဝန်းအတွင်း လုပ်ငန်းခွင်မှာ မြေကျင်းတူးစဉ် မြေပြိုကျပြီး အလုပ်သမား(၂)ဦး သေဆုံးခဲ့တယ်လို့ ပခုက္ကူရဲစခန်းက သိရပါတယ်။

 ဇွန်လ(၁၆)ရက်နေ့လည် (၁၂)နာရီခွဲက ကျော်ဟိုတယ်ဝန်းအတွင်းမှာ တိုးချဲ့ဆောင်ဆောက်ဖို့ မြေကျင်းတူးစဉ် မြေပြိုကျခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အသက်(၃၀)ကျော်ဝန်းကျင် အလုပ်သမား(၂)ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။


 ပခုက္ကူမီးသတ်တပ်ဖွဲ့နဲ့ ပခုက္ကူမုဒိတာ အသင်းတို့က ကူညီကယ်ဆယ်ခဲ့ပေမယ့် တစ်ဦးက လမ်းမှာသေဆုံး ခဲ့တာဖြစ်ပြီး တစ်ဦးက ပခုက္ကူဆေးရုံကြီးမှာ သေဆုံးခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပခုက္ကူရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၀/၂၀၁၈)နဲ့ အမှုဖွင့်ထားပါတယ်။

ဓါတ်ပုံ - ကိုတမာ ပြန်ဆက်/ကိုကိုအောင်/မျိုးမင်းညွှန့်
5 PLUS NEWS
https://www.facebook.com/5plusnews/
ပခုက္ကူ ကျော်ဟိုတယ်ဝန်းအတွင်း မြေပြိုပြီး (၂)ဦးသေဆုံး ပခုက္ကူ ကျော်ဟိုတယ်ဝန်းအတွင်း မြေပြိုပြီး (၂)ဦးသေဆုံး Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.