ပေါက်တောမြို့တွင် လူသေအလောင်းတစ်လောင်း တွေ့ရှိ


နိရဉ္စရာ၊ ဇွန် ၁၆

ရခိုင်ပြည်နယ် ပေါက်တောမြို့ သင်္ဘောဆိပ် ဖောင်တော်အနီးတွင် ယနေ့ ဇွန်လ ၁၆ ရက်နေ့ ညနေက လူသေအလောင်း တစ်လောင်းတွေ့ရှိရသည်ဟု သတင်းရရှိသည်။

အဆိုပါအလောင်းမှာ ယောက်ျားအလောင်းဖြစ်ပြီး၊ အသက်အရွယ်နှင့် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရကြောင်း ပေါက်တောမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားသည်။

အဆိုပါအလောင်းကို ဆယ်ယူပြီး မြို့ထဲမှ သယ်ယူရန် ခွင့်မပြုသဖြင့် စက်လှေဖြင့် ဆွဲယူကာ ဆေးရုံသို့ ပို့ဆောင်ရန် ဆောင်ရွက်နေဆဲဖြစ်သည်ဟု ဆိုသည်။

“အလောင်းစတွေ့တာ ဘယ်ချိန်ကတွေ့တယ်ဆိုတာကို ပြောဖို့ ခက်သွားပါပြီ၊ မြင်တယ်တွေ့တယ်ဆိုတာတော့ ဟုတ်တယ်၊ ဒီရေပြင်းတဲ့အတွက် အလောင်းကို ဆယ်ယူဖို့အတွက် အခက်အခဲကြုံနေရပါတယ်”ဟု ပေါက်တောမြို့မခန်းမှ ရဲအုပ်သန်းဌေးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

အလောင်တွင် မျက်နှာ၌် အသားအရေများပင် မရှိတော့ဘဲ ဦးခေါင်းခွံကိုသာ တွေ့နေရသည်ဟု ဆိုသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ပေါက်တောမြို့တွင် လူသေအလောင်းတစ်လောင်း တွေ့ရှိ ပေါက်တောမြို့တွင် လူသေအလောင်းတစ်လောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.