ဘင်္ဂလားဒေ့ရှ် လယ်သမားချုပ်တဲ့ ဂျာမနီအလံ

ဘင်္ဂလားဒေ့ရှ် လယ်သမားချုပ်တဲ့ ဂျာမနီအလံ
ကမ္ဘာဖလားမှာ ဂျာမနီ အသင်းကို အားပေးကြောင်း ပြသတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ လယ်သမားတဦးက ၃မိုင်ခွဲနီးပါး ရှည်တဲ့ ဂျာမနီအလံကို ချုပ်ထားပါတယ်။

၂၀၀၆ ခုနှစ် ဂျာမနီက ကမ္ဘာဖလား ပြိုင်ပွဲကို လက်ခံကျင်းပပြီး ၂ နှစ်အကြာမှာ ဒီအလံကို စချုပ်ခဲ့တာလို့ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ Amjad Hossainက ပြောပါတယ်။

အလံအတွက် လိုအပ်တဲ့ ပိတ်စတွေကို ဝယ်ဖို့ လယ်တွေကို ရောင်းခဲ့ရတယ်လို့ လည်း သူက ပြောပါတယ်။

ဒီအလံကို ဇွန်လ ၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါက္ကာနဲ့ မိုင် ၆၀ လောက် ဝေးတဲ့ Hossainရဲ့ မွေးရပ်မြေ Maguraမှာ စတင်ပြသခဲ့တာ ဖြစ်ပါတယ်။


သည်းခြေကျောက်နဲ့ ပတ်သက်ပြီး ဂျာမနီနိုင်ငံထုတ် ဆေးဝါးတွေနဲ့ ကုသမှု ခံယူခဲ့ရာကနေ ဂျာမနီနိုင်ငံကို သဘောကျသွားတယ်လို့ ဆိုပါတယ်။

ဂျာမနီသာ ကမ္ဘာ့ဖလားမှာ ဒုတိယအဆင့်ကို တက်ရောက်သွားမယ်ဆိုရင် သူ့ မွေးရပ်မြေမှာ ရှိတဲ့ ဘောလုံးကွင်းမှာ ဒီအလံကို ပြသသွားမယ်လို့လည်း မစ္စတာ Hossainက ပြောပါတယ်။

၂၀၁၄ ခုနှစ် ကမ္ဘာဖလားတုန်းကလည်း ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ ဂျာမနီသံရုံးက မစ္စတာ Hossainကို ဂျာမနီလက်ရွေးစင် အသင်းကို အားပေးတဲ့ ပရိသတ် အဖွဲ့မှာ တသက်စာ ဝင်ခွင့်ပေးခဲ့သလို ဂျာမနီဘောလုံး၊ ဂျာမနီအသင်းအင်္ကျီနဲ့ အသိအမှတ်ပြုကြောင်း လက်မှတ်တွေကိုပါ ထုတ်ပေးခဲ့ ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဘင်္ဂလားဒေ့ရှ် လယ်သမားချုပ်တဲ့ ဂျာမနီအလံ ဘင်္ဂလားဒေ့ရှ် လယ်သမားချုပ်တဲ့ ဂျာမနီအလံ Reviewed by THITHTOOLWIN on 10:32 Rating: 5
Powered by Blogger.