![]() |
အန်အယ်လ်ဒီ အစိုးရလက်ထက် ဒုတိယနှစ်ကာလအတွင်း တပ်မတော်သား ၆၆ ဦးကို အစိုးရလက်အောက်က အရပ်ဘက်ဌာနတွေမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့ |
အဲဒီ ၆၆ ဦးထဲက ၉ ဦးကတော့ ကာကွယ်ရေးဝန်ကြီးဌာနကနေ အရပ်ဘက် ဝန်ကြီးဌာနကို ပြောင်းရွှေ့တဲ့ ပြန်တမ်းဝင် အရာရှိတွေဖြစ်ပါတယ်။
ကျန်တဲ့ ၅၇ ဦးကတော့ ပြန်တမ်းဝင်အရာရှိတွေပဲဖြစ်ပြီး အရပ်ဘက်ဝန်ကြီးဌာနတွေ ကိုယ်တိုင်က လုပ်ငန်းလိုအပ်ချက်အရတောင်းခံတဲ့အတွက် ဖြစ်တယ်လို့ မေလ ၃၁ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ အစိုးရ ဒုတိယ ၁ နှစ်တာကာလနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တနှစ်အတွင်းမှာ ဝန်ကြီးဌာနတခုကနေ အခြားတခုကို ပြောင်းရွှေ့တာဝန်ထမ်းသူ အရာထမ်း စုစုပေါင်း ၅၂၃ ဦးရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာကလည်း ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်းကတော့ စစ်တပ်ကလာတဲ့သူတွေကို အရပ်ဘက်ဌာနတွေမှာ ရာထူးကြီးတွေပေးခဲ့ ကိစ္စတွေအပေါ် ကန့်ကွက်တဲ့ လှုပ်ရှားမှုအချို့ရှိခဲ့တာပါ။
မိုးကျရွှေကိုယ် ဆိုပြီး ရည်ညွှန်း ခေါ်ဝေါ် လေ့ ရှိတဲ့ အခုလို မျိုး စစ်တပ် က လာတဲ့ သူတွေ ကို အရပ်ဘက် ဌာနတွေ မှာ အခန့်သင့် ရာထူးကြီး ပေးတဲ့ အလေ့အထ မျိုး မဖြစ်သင့်တော့ ဘူး ဆိုပြီး ဒုတိယသမ္မတ ဟောင်း တဦး ဖြစ်တဲ့ ဒေါက်တာ စိုင်းမောက်ခမ်း ကလည်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြောဆိုခဲ့ဖူးပါတယ်။
BBC Burmese
http://www.bbc.com/burmese
တပ်မတော်သား ၆၆ ဦး အရပ်ဘက် ဌာနကို ပြောင်းရွှေ့
Reviewed by THITHTOOLWIN
on
11:29
Rating:
