စီမံဘဏ္ဍာဝန်ကြီးအသစ် ကျမ်းသစ္စာကျိန်ဆို

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအသစ် ဦးစိုးဝင်း ၂၀၁၈ ဇွန်လ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုနေစဉ်။ Photo: Myanmar Union Parliament Facebook
စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့အတွက် စိန်ခေါ်မှုတွေ အများကြီးရှိပြီး အဲဒီစိန်ခေါ်မှုတွေကို လျှော့တွက်လို့ မရကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ဒီနေ့ ပြောပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီးမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဦးစိုးဝင်း က ပြောတာဖြစ်ပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုကို ရတိုင်းလွယ်လွယ်ကူကူ မလုပ်စေချင်ဘဲ ထိထိရောက်ရောက် အကျိုးရှိတဲ့လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံစေချင်တယ်လို့ ဦးစိုးဝင်း က ပြောပါတယ်။

နုတ်ထွက်သွားတဲ့ ဝန်ကြီးဦးကျော်ဝင်းနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေးကော်မတီဝင် ဦးစိုးဝင်း ကို အစားထိုးခန့်အပ်တာ ဖြစ်ပါတယ်။

ဦးစိုးဝင်းဟာ မြန်မာနိုင်ငံတကာကုန်သွယ်မှုဘဏ် MFTB မှာ နှစ်ပေါင်းသုံးဆယ်ကျော် လုပ်ကိုင်ခဲ့သလို အကြံပေးအဖြစ်လည်း ၁၆ နှစ်ကြာလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

အသက် ၈၀ နှစ်အရွယ်ရှိသူမို့ ဝေဖန်မှုတွေရှိပေမယ့် ကျန်းမာရေးအရကောင်းမွန်သလို ပညာ၊ အတွေ့အကြုံများ သူဖြစ်လို့ စိတ်ပူစရာမလိုဘူးလို့ ပြောဆိုတာတွေလည်း ရှိပါတယ်။

သူ့ရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်သင့်တာမှန်ပေမယ့် အထူးဂရုစိုက်ပြီး နေထိုင်တယ်လို့ ဦးစိုးဝင်း က ဆိုပါတယ်။

RFA Burmese
https://www.rfa.org/burmese
စီမံဘဏ္ဍာဝန်ကြီးအသစ် ကျမ်းသစ္စာကျိန်ဆို စီမံဘဏ္ဍာဝန်ကြီးအသစ် ကျမ်းသစ္စာကျိန်ဆို Reviewed by THITHTOOLWIN on 17:55 Rating: 5
Powered by Blogger.