တရားခံပြေးအား ဖမ်းဆီးစဉ် ပြန်လည်ခုခံ၍ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲတပ်ဖွဲ့ဝင်များက တရားခံပြေးအား ဖမ်းဆီးစဉ် ပြန်လည်ခုခံ၍ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
ရန်ကုန်၊ ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တရားရုံးအချုပ်မှ ထွက်ပြေးလွတ်မြောက်သွားသော အေးမင်းလွင်(ခ)ဂျူးဂျူး အား ဇွန်လ ၁ ရက်နေ့ ယနေ့ ညနေ ၅ နာရီခွဲခန့် က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံရန်ပြု၍ ၁၂ ဘို့
ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ဒဏ်ရာများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တရားရုံးသို့ ၃.၁၀.၂၀၁၇ ရက်နေ့တွင် ရာကြီးအမှတ် ၄၉၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုမှ တရားခံ အေးမင်းလွင်(ခ)ဂျူးဂျူး သည် အမှုရင်ဆိုင်ရန် ရုံးထုတ်လာစဉ် တရားရုံးအချုပ်မှ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ၎င်းတရားခံပြေးသည် ၁.၆.၂၀၁၈ ရက်နေ့ ညနေ ၁၇၃၀ အချိန်တွင် မိခင် ဒေါ်သီတာဦး နေထိုင်သည့် အမှတ်(၈၆)ရပ်ကွက်သို့ ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင် များနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက် ဖမ်းဆီးခဲ့ပါသည်။


အဆိုပါနေအိမ်သို့ တရားခံပြေးအား သွားရောက်ဖမ်းဆီးရာမှာ အသာတကြည် အဖမ်းမခံဘဲ နောက်ဖေးတံခါးမှ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးစဉ် ၎င်းမှ အရှည် ၁ ပေခန့်ရှိသော ကျွန်းပွတ်လုံးတုတ်ဖြင့် ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံရန်ပြု၍ ၁၂ ဘို့ ပြောင်းချော သေနတ်ဖြင့်
ပစ်ခတ်ဖမ်းဆီးရာ အေးမင်းလွင် (ခ)ဂျူးဂျူး၏ ယာဘက် ၀မ်းဗိုက်တွင် ဒဏ်ရာများရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံပြေး အေးမင်းလွင်(ခ) ဂျူးဂျူး အား ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်း (ပ)၄၂၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့်လည်းကောင်း၊ တရားခံပြေးမှန်သိလျက်လက်ခံသည့် မိခင်ဖြစ်သူ ဒေါ်သီတာဦး အား ရဲစခန်း(ပ)၄၂၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၁၆ ဖြင့်လည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်



တရားခံပြေးအား ဖမ်းဆီးစဉ် ပြန်လည်ခုခံ၍ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး တရားခံပြေးအား ဖမ်းဆီးစဉ် ပြန်လည်ခုခံ၍ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.