လှည်းကူးမြို့နယ်တွင် ငွေချေးရာမှစကားများကာ လူသတ်မှုဖြစ်ပွား

လှည်းကူးမြို့နယ်တွင် ငွေချေးရာမှစကားများကာ လူသတ်မှုဖြစ်ပွား ပြစ်မှုကျူးလွန်သူကို အချိန်တိုအတွင်းဖော်ထုတ်ဖမ်းဆီး
ရန်ကုန် ဇွန် ၁၇

လှည်းကူးမြို့နယ်တွင် ငွေချေး ငှားရာမှစ၍ စကားများကာ လူ သတ်မှုဖြစ်ပွားခဲ့ကြောင်း ပြစ်မှု ကျူးလွန်သူကို အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ကြောင်းရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် ကြက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ လှည်းကူး မြို့နယ်နေ ဦး----သည် ကြက်ခြံ ၌ရှိနေစဉ် ၄င်းပိုင်မော်တော်ယာဉ် ကို ပဲခူးမြို့ရှိ ဘုန်းတော်ကြီး ကျောင်းသို့သွားရောက်ရန်အတွက် လှည်းကူးမြို့နေသူ မ-----က လာရောက်ငှားရမ်းသဖြင့် လိုက် ပါပို့ဆောင်ပေးခဲ့ကြောင်း၊ နံနက် ၁၁နာရီခွဲတွင် ကြက်ခြံအလုပ် သမားဖြစ်သူတို့က ၄င်း၏ချွေးမ ဖြစ်သူမှာ ဒဏ်ရာများရရှိကာ လဲ ကျနေကြောင်း ပြောပြသိရှိရသဖြင့် ခြံသို့ပြန်လာပြီး ကြည့်ရှုခဲ့ရာ ချွေးမ ဖြစ်သူတွင် နဖူး၊ လည်ကုပ်၊ ဝဲ လက်မောင်းနှင့် ပေါင်တို့တွင် ဓား ခုတ်ဒဏ်ရာများရရှိကာ သေဆုံး နေသည်ကိုတွေ့ရှိရပြီး ယင်းသို့ သေဆုံးအောင်ပြုလုပ်သူအားအရေး ယူပေးရန် တိုင်တန်းချက်အရ လှည်းကူးမြို့မရဲစခန်း၌ (ပ) ၆၂၈/ ၂ဝ၁၈၊ရာဇသတ်ကြီးပုဒ်မ၃ဝ၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းခဲ့သည်။


အမှုမှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးနှင့် အမှုမှန်အမြန် ဆုံးပေါ်ပေါက်ရေးတို့အတွက် ပူး ပေါင်းအဖွဲ့သည် အခင်းဖြစ်ရပ် အား အသေးစိတ်စစ်ဆေးဆောင် ရွက်ခဲ့ရာ အခင်းဖြစ်ရပ်အနီးရှိ သွေးအိုင်အတွင်း၌ ပြုတ်ကျကျန် ရစ်ခဲ့သည့် အင်္ကျီကြယ်သီးတစ်လုံး ကိုတွေ့ရှိခဲ့ရပြီး ၄င်းကြယ်သီး နှင့်ပတ်သက်၍ ဆက်စပ်စုံစမ်း ဆောင်ရွက်ချက်များအရလည်း ကောင်း၊ ရဲစိုးဦးသည် အခင်းဖြစ် နေရာပတ်ဝန်းကျင်တွင် မျှစ်လာ ရောက်ချိုးလေ့ရှိသူဖြစ်ပြီး ၄င်းမှာ အခင်းဖြစ်ပြီးနောက် နေအိမ်တွင် မရှိဘဲ ပဲခူးတိုင်းဒေသကြီး အင်း တကော်မြို့နယ်ရှိ မိဘများနေအိမ် သို့ပြန်သွားကြောင်း၊ ကြက်ခြံ အလုပ်သမားများမှာ ၄င်း၏ခယ်မ နှင့် သမီးဖြစ်သူတို့ဖြစ်ကြောင်း သိရှိရပြီး အခင်းဖြစ်ကြက်ခြံ အတွင်းသို့ ဝင်/ထွက်သွားလာ တတ်သူဖြစ်ကြောင်း စုံစမ်းတွေ့ ရှိချက်များအရ၄င်းအားစစ်ဆေး နိုင်ရေးအတွက် မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ရဲစိုးဦး(၄၁နှစ်)အား ပဲခူးတိုင်းဒေသကြီး အင်းတကော် မြို့နယ်ရှိနေအိမ်မှ ခေါ်ယူစစ်ဆေးခဲ့ သည်။

ယင်းသို့ စစ်ဆေးခဲ့ရာ ရဲစိုး ဦးသည် နံနက် ၁ဝ နာရီတွင်၎င်း ၏ခယ်မဖြစ်သူနှင့် သမီးဖြစ်သူတို့ အလုပ်လုပ်ကိုင်လျက်ရှိသည့် ကြက်ခြံသို့သွားရောက်ကာသေဆုံး သူထံမှ ငွေကျပ်သုံးသိန်းကို ချေး ငှားစဉ်သေဆုံးသူကအဆိုပါငွေများ ကို အဆင်မပြေသဖြင့် မချေးငှား နိုင်ကြောင်းကို ရိုင်းပျစွာ ပြောဆို ပြီး၎င်းဝတ်ဆင်ထားသောအင်္ကျီအား ဆွဲစောင့်သဖြင့် ကြယ်သီးတစ်လုံး ပြုတ်ကျသွား၍ဒေါသမထိန်းနိုင်ဘဲ တွန်းလှဲပြီး အသင့်ပါလာသော ဓားဖြင့် လေးငါးချက်ခန့်ခုတ်ကာ ခြံအတွင်းမှ ထွက်ပြေးခဲ့ခြင်းဖြစ် ကြောင်းနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်ဓားကို နေအိမ် နောက်ဖေးတွင် လွှင့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ ရဲစိုး ဦးအား အမှုဖြင့်ဆက်လက်စစ်ဆေး လျက်ရှိပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်ဓားနှင့် အခင်းဖြစ် စဉ်ဝတ်ဆင်ခဲ့သည့် အဝတ်အစား များကို ပြန်လည်သိမ်းဆည်းနိုင် ခဲ့ကာ ပြစ်မှုကျူးလွန်သူအား ဥပဒေနှင့်အညီ ထိရောက်ပြစ်ဒဏ် ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယူဒီနေ
The Union Daily
https://www.facebook.com/uniondaily.net
လှည်းကူးမြို့နယ်တွင် ငွေချေးရာမှစကားများကာ လူသတ်မှုဖြစ်ပွား လှည်းကူးမြို့နယ်တွင် ငွေချေးရာမှစကားများကာ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.