မာန်အောင်နယ်တွင် မိုးသက်လေပြင်းကျ၍ ကျောင်းပြို၊ မိုးကြိုးပစ်၍ နွားသေ


နိရဉ္စရာ၊ ဇွန် ၁၉

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က လေပြင်းတိုက်ခတ်၍ မာန်အောင်မြို့နယ် ဆားချက် ကျေးရွာ အလက စာသင်ကျောင်းဆောင်၊ ဆားချက်အနောက် ဘုန်းတော်ကြီးကျောင်း၊ အိမ်တစ်လုံး အုန်းပင်ပိ၍ ပျက်စီးခဲ့ကာ ရေမျက်ဝကျေးရွာတွင် မိုးကြိုးပစ်၍ နွားမတစ်ကောင် သေဆုံးခဲ့သည်ဟု သိရသည်။


ဆားချက်ကျေးရွာတွင် လေပြင်းတိုက်၍ ပျက်စီးခြင်းမှာ ဒုတိယအကြိမ် ဖြစ်ပြီး ဇွန် ၁၃ ရက်နေ့ကလည်း လေဆင်နှာမောင်းတိုက်ခတ်ခဲ့သဖြင့် အိမ်အများအပြား ပျက်စီးခဲ့သည်။

" ဆားချက်ရွာမှာ ထပ်ပြီး လေပြင်းတိုက်တဲ့ အတွက် အပျက်အစီးရှိပါတယ်။ ကျောင်း၊ ဘုန်းကြီးကျောင်း ခေါင်မိုးတွေ နည်းနည်းပျက်စီးသွားတယ်။ အုန်းပင်ပိပြီး အိမ်တစ်လုံ ပြိုသွားပါတယ်။ ဟိုတစ်နေ့က ပန်းဖဲကျေးရွာအုပ်စု ရေမျက်ဝရွာမှာ ဦးမောင်မြအောင်ရဲ့ နွားမကို ပင်လယ်ကမ်းနားမှာ လွတ်ထားတုန်း ညနေဖက်မှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်" ဟု တာဝန်ရှိသူတစ်ဦး မှခုလိုပြောကြားပါသည်။

၎င်းဆုံးရှုံးမူ တန်ဖိုးမှာ ကျပ် ၁၄၁၅၀၀၀ ဖိုးရှိ ရှိကြောင်း သူကပြောသည်။

အောင်လင်းထွန်း (မာန်အောင်)
Narinjara
https://www.facebook.com/Narinjara

မာန်အောင်နယ်တွင် မိုးသက်လေပြင်းကျ၍ ကျောင်းပြို၊ မိုးကြိုးပစ်၍ နွားသေ မာန်အောင်နယ်တွင် မိုးသက်လေပြင်းကျ၍ ကျောင်းပြို၊ မိုးကြိုးပစ်၍ နွားသေ Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.