မြိတ်မြို့တွင် မီးရှို့လူသတ်မှု ကျုးလွန်သူ ထွက်ပြေးလွတ် မြောက်နေ

မီးရှို့ပြီးထွက်ပြေး တိမ်းရှောင်သူ သားကြီး(ခ)ဖြိုးနိုင်ဝင်း ။ ဓါတ်ပုံ - မြတ်ထွဋ် ( မြိတ် )
မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ အောင်ချမ်းသာရပ်ကွက်၊ ငုဝါ (၁)လမ်းတွင် နေထိုင်တဲ့ ဒေါ်အေးသိမ် ( ၅၁ )နှင့် သားဖြစ်သူ မောင်စိုးနိုင်(၁၃)နှစ်မှာဇွန်လ ၁၀ ရက်နေ့၊ ညပိုင်းကနေအိမ် တွင် တီဗီကြည့်နေစဉ် အိမ်ရှေ့မျက်နှာချင်းဆိုင်တွင် နေထိုင်သော သားကြီး(ခ)ဖြိုးနိုင်ဝင်း( ဘ)ဦးကြည် ၀င်းဆိုသူက နေအိမ်အတွင်းသို့ ဝင်လာပြီး သားအမိနှစ်ဦးစလုံးအား ဓာတ်ဆီများနှင့် ပက်ဖျန်းကာမီးရှို့ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။


ဒေါ်အေးသိမ်နှင့် သားဖြစ်သူမောင်စိုးနိုင်မှာ မီးလောင်ဒဏ်ရာများ ရရှိပြီး ပြည်သူ့ဆေးရုံကြီးတွင်စိုးရိမ်ရသည့် အခြေနေဖြင့် ကုသပေးထားပေမယ့် ဇွန်လ ၁၁ ရက်နေ့တွင် ဒေါ်ဗအေးသိမ်မှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရပါတယ်။ သား ဖြစ်သူမောင်စိုးနိုင်မှာလည်း စိုးရိမ်ရသည့်အနေထားဖြင့် အတွင်းလူနာဆောင်တွင် ကုသပေးထားရတယ် လို့သိရတယ်။

နေအိမ်ထဲအထိ ကျူးကျော်ဝင်ရောက်ပီး မီးရှို့လူသတ်ခဲ့သည့် သားကြီး(ခ)ဖြိုးနိုင်ဝင်း ( ၃၀ )နှစ် ( ဘ ) ဦးကြည်ဝင်းအား မြိတ်မြို့မရဲစခန်းမှ (ပ)၈၉၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၅၂/၃၂၆/၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရပါတယ်။

မြတ်ထွဋ် ( မြိတ် )
Myat Htut - Myeik (fb)

မြိတ်မြို့တွင် မီးရှို့လူသတ်မှု ကျုးလွန်သူ ထွက်ပြေးလွတ် မြောက်နေ မြိတ်မြို့တွင် မီးရှို့လူသတ်မှု ကျုးလွန်သူ ထွက်ပြေးလွတ် မြောက်နေ Reviewed by THITHTOOLWIN on 22:17 Rating: 5
Powered by Blogger.