အငှားယာဉ်မောင်းထံမှ ယာဉ်အားလုယက်သူများကို ဖော်ထုတ်ဖမ်းဆီးရမိ

အငှားယာဉ်မောင်းထံမှ ယာဉ်အားလုယက်သူများကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ဇွန်လ ၄ ရက်နေ့ ယနေ့ နံနက် ၂ နာရီ ၄၅ မီနစ်အချိန်ခန့် က အငှားယာဉ်အား တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ မင်္ဂလာရပ်ကွက်၌ ယာဉ်အားလုယက်သွားသူ လှိုင်သာယာမြို့နယ်နေသူ (၂)ဦးကို လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၃.၆.၂၀၁၈ ရက်နေ့ ည ၂၂၃၀ အချိန် ဦး-------သည် ယာဉ်အမှတ် 7E-------PROBOX အမျိုးအစား အဖြူရောင် အငှားယာဉ်အား မောင်းနှင်လာစဉ် အလုံမြို့နယ်၊ သစ်တောမှတ်တိုင်အနီးအရောက် အမည်မသိ အမျိုးသားနှစ်ဦးမှ လှိုင်သာယာမြို့နယ်၊ သမကုန်းသို့ ငွေ(၅၀၀၀)ကျပ်ဖြင့် ငှားရမ်း၍ လိုက်ပါပို့ဆောင်ခဲ့ရာ လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်အရောက်တွင် ယာဉ်၏နောက်ခန်းမှ လိုက်ပါလာသူ အမျိုးသားမှ ယာဉ်မောင်း ဦး-----၏ လည်ပင်းအား သိုင်းဖက်ကာရှေ့ခန်းတွင်လိုက်ပါလာသူ အမျိုးသားမှ ယာဉ်၏သော့အား ပိတ်ပြီးနောက် ဦး-----အား ယာဉ်ပေါ်မှ ဆင်းခိုင်း၍ ကားအားမောင်းနှင်လုယူသွားသဖြင့် လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်း(ပ) ၅၉၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက စုံစမ်း ဆောင်ရွက်ခဲ့ရာ အဆိုပါ အငှားယာဉ်မှာ တိုက်ကြီးမြို့နယ်ဘက်သို့ မောင်းနှင်သွားကြောင်း စုံစမ်းသိရှိခဲ့သဖြင့် တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဖမ်းဆီးခဲ့ရာ ၄.၆.၂၀၁၈ ရက်နေ့ နံနက် ၀၂၄၅ အချိန်တွင် အငှားယာဉ်အား တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ မင်္ဂလာရပ်ကွက်၌ ယာဉ်အားလုယက်သွားသူ လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် သန့်ဇင် (၂၄)နှစ်နှင့် အောင်သော်ကို (၂၇)နှစ် တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ သန့်ဇင်နှင့် အောင်သော်ကို တို့နှစ်ဦးအား အခြားပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ မရှိ တိုက်ဆိုင် စစ်ဆေးလျက်ရှိကြောင်းနှင့် ဥပဒေနှင့် အညီ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
အငှားယာဉ်မောင်းထံမှ ယာဉ်အားလုယက်သူများကို ဖော်ထုတ်ဖမ်းဆီးရမိ အငှားယာဉ်မောင်းထံမှ ယာဉ်အားလုယက်သူများကို  ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:55 Rating: 5
Powered by Blogger.