![]() |
မြန်မာကလေးငယ်တွေရဲ့ အခြေအနေဟာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံကို လေ့လာရာမှာ အဆင့် ၁၀၇ မှာရှိ |
ဒီနှစ် သူတို့ ထုတ်ပြန်ခဲ့တဲ့ ကလေးဘဝ အဆုံးသတ်ခြင်း End of Childhood အစီရင်ခံစာ ထဲမှာ ဖော်ပြထားတာဖြစ်ပါတယ်။
အဲဒီအစီရင်ခံစာထဲမှာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံကိုလေ့လာရာမှာ မြန်မာနိုင်ငံက အဆင့် ၁၀၇ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မနှစ်က သူတို့ရဲ့ အဆင့် သတ်မှတ်ချက်အရ ၁၁၂ ရှိခဲ့ပြီး အခု ၁၀၇ ဆိုတော့ နဲနဲ တက်လာခဲ့တာပါ။ Save the Children အဖွဲ့အနေနဲ့ ကလေးတွေ ရဲ့ ပညာရေး ကျန်းမာရေး လက်လှမ်းမီနိုင်မှု၊ ကလေးဘဝမှာ အလုပ်လုပ်ရတဲ့အခြေအနေ၊ ကလေးဘဝမှာ အိမ်ထောင်ချ ခံရမှု၊ အကြမ်းဖက်ခံရမှု စတာတွေ အပါအဝင် ကြည့်ရှုတဲ့အချက် ၈ ချက် လောက်ကို ကြည့်ပြီး နိုင်ငံတကာ က ကလေးတွေ ရဲ့ ဘဝ ကို သုတေသနပြုကာ အစီရင်ခံစာကို နှစ်စဉ် ထုတ်ပြန် တာပါ။
မြန်မာနိုင်ငံမှာ မွေးဖွားလာတဲ့ ကလေးငယ်တွေထဲက ၂၀ ရာနှုန်းဟာ အသက် ၅ နှစ်ကျော်လွန်အောင် အသက်ရှင်ခွင့် မရကြဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကလေး ၂၉ ရာနှုန်းတွေဟာ အရပ်ပုပြီး သူတို့ အသက်မှာ ရှိသင့်တဲ့ အရပ် ရှည် သင့်သလောက် ဖွံ့ဖြိုးမှုမျိုး မရှိဘူးလို့လည်း အစီရင်ခံစာက ဆိုပါတယ်။ ဒီလို ကလေးတွေကို ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဖက်မှာ အများဆုံး တွေ့ရှိရတယ် လို့လည်း သူက ပြောပါတယ်။
ကလေးတွေ အခြေအနေ တိုးတက်လာမလာကို နိုင်ငံတိုင်းမှာ သိနိုင်ဖို့ အတွက် သုတေသန လုပ်ခဲ့တာ ဖြစ်ပြီးတော့ မြန်မာပြည်မှာ ကျန်းမာရေး ပညာရေး စတဲ့ ကဏ္ဍတွေမှာ ကလေးတွေအတွက် တိုးတက်မှု ရှိလာအောင် လုပ်စရာတွေ အများကြီး ရှိနေသေးတာ ကို ဖော်ပြနေတယ်လို့လည်း ဆိုပါတယ်။
အစီရင်ခံစာအရ ကလေးသူငယ် အခြေအနေနဲ့ ပတ်သက်ပြီး အကောင်းဆုံး နံပါတ်တစ် နိုင်ငံက စင်္ကာပူဖြစ်ပါတယ်။ အနောက်နိုင်ငံတွေကို ကျော်လွန်ပြီး ထိပ်ဆုံးမှာ ရောက်ရှိနေတာဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ပညာမသင်နိုင်တဲ့ မြန်မာကလေးတွေများပြားနေ
Reviewed by THITHTOOLWIN
on
17:47
Rating:
