မြဂနိုင်ရုပ်ရှင်၊ အာနန္ဒာစန္ဒြကျောက်စာ ယူနက်စကိုစာရင်းဝင်

ယူနက်စကိုမှတ်တမ်းအမွေအနှစ်အဖြစ် အာရှပစိဖိတ်ဒေသအဆင့် မှတ်တမ်းဝင်ကြောင်း အသိအမှတ်ပြုစာ
၁၉၃၄ ခုနှစ်က ရိုက်ကူးခဲ့တဲ့ မြဂနိုင် ရုပ်ရှင်နဲ့ မြောက်ဦးက ရှေးဟောင်း ကျောက်စာဖြစ်တဲ့ အာနန္ဒာစန္ဒြ ကျောက်စာတို့ ယူနက်စကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲရဲ့ အာရှ ပစ္စိဖိတ်ဒေသဆိုင်ရာ အမွေအနှစ် အဖြစ် သတ်မှတ်လိုက်ပါတယ်။

ယူနက်စကိုရဲ့ မှတ်တမ်းအမွေအနှစ် စာရင်းဝင်ရေးအတွက် လတ်တလောအတွင်း ကိုရီးယားသမ္မတနိုင်ငံမှာ ကျင်းပနေတဲ့ Memory of the World Committee for Asia and the Pacific အစည်းအဝေးမှာ မြန်မာက ကိုယ်စားလှယ်တွေက တင်ပြခဲ့တာဖြစ်ပြီး အဲဒီအစည်းအဝေးမှာပဲ မှတ်တမ်းဝင် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့တာပါ။

ယူနက်စကို စာရင်းဝင်ဖို့ တင်ထားတာ တနှစ်ရှိပြီ အခုမှ ယူနက်စကိုရဲ့ မှတ်တမ်းအမွေအနှစ်အဖြစ် အာရှ - ပစ္စိဖိတ်ဒေသအဆင့်မှာ မှတ်တမ်းဝင်သွားတာပါ လို့ ယူနက်စကို မြန်မာ အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် အနေနဲ့ အဲဒီအစည်းအဝေးကို သွားတက်တဲ့ ဦးကြည်ရွှင်က ဘီဘီစီကို ပြောပါတယ်။
၁၉၃၄ ခုနှစ်က ရိုက်ကူးခဲ့တဲ့ မြဂနိုင် ရုပ်ရှင်
မြောက်ဦးမှာ ရှိတဲ့ အဲဒီရှေးဟောင်း အာနန္ဒာစန္ဒြကျောက်စာဟာ ဘယ်ခေတ်ဘယ်ကာကမှန်း မသိအောင် စောလွန်းတဲ့ ကျောက်စာဖြစ်ပြီး အဲဒီကျောက်စာရဲ့ အထောက်အထားတွေအရတော့ စန္ဒြမင်းဆက်တွေ အုပ်စိုးနေတဲ့ ကာလဖြစ်တယ် လို့ ဖော်ပြထားပါတယ်။ သူ့နဲ့ခေတ်ပြိုင် အိန္ဒိယကျောက်စာတွေတော့ မရှိဘဲ ဘီစီအစောပိုင်းကနေ အေဒီ ၈ ရာစုအတွင်းဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဗုဒ္ဓဘုရားရှင်လက်က အသုံးများတဲ့ သက္ကတ စာပေအပါအဝင် အိန္ဒိယတိုင်းက ဆင်းသက်လာတဲ့ အခြား ဘာသာစကား ၃ မျိုးနဲ့ပါရေးထိုးထားတာပါ။

ကျွန်တော်တို့ ရခိုင်သမိုင်းနဲ့ ဆက်စပ်တဲ့ ကျောက်စာကို အခုလို အမွေအနှစ်စာရင်းဝင်တယ်ကြားရတာ တကယ်ကိုကောင်းတဲ့ သတင်းပါပဲ ကြိုဆိုပါတယ်လို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။

မြဂနိုင်ရုပ်ရှင်ကတော့ အသံတိတ်ရုပ်ရှင်ဖြစ်ပြီး မီးပုံပျံရိုက်ကွင်းတွေပါ ထည့်သွင်းရိုက်ကူခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ