တရုတ်ပြည် စစ်ဆောင်ပန္နားမှာ ဥက္ကာမီးခဲတွေကျ


ပြီးခဲ့တဲ့ သောကြာနေ့က တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ စစ်ဆောင်ပန္နား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကောင်းကင်က ဥက္ကာမီးခဲ အပိုင်းအစတွေ ကျခဲ့တဲ့အတွက် ဒေသခံရွာသားတွေအနေနဲ့ ဈေးကောင်းရဖို့ အပြေးအလွှား သွားရောက်ရှာဖွေနေကြတယ်လို့ ဒေသခံ သတင်းမီဒီယာတွေကို ကိုးကားပြီး South China Morning Post သတင်းစာက ဒီကနေ့ ရေးသားပါတယ်။

ဥက္ကာခဲ အပိုင်းအစတွေဟာ စစ်ဆောင်ပန္နားဒေသ မန်ဟိုင်းခရိုင်မှာ ည ၉ နာရီ မိနစ် ၄ဝ ခန့်မှာ ကျခဲ့တာဖြစ်ပြီး ကောင်းကင်ပြင်မှာ မီးတောက်လို တောက်ပခဲ့တယ်လို့ ဆိုပါတယ်။

တနင်္လာနေ့အထိ ဥက္ကာခဲအပိုင်းအစ ၂ဝဝ ခန့်တွေ့ရှိခဲ့ပြီး ဒေသခံအာဏာပိုင်တွေ အဆိုအရ ဥက္ကာမီးခဲ အပိုင်းအစတစ်ခုကို ဒေါ်လာ ၈ ထောင်နီးပါးနဲ့ ညီမျှတဲ့ ယွမ်ငွေ ၅ သောင်းအထိ ဈေးပေါက်တယ်လို့ သိရပါတယ်။ ဒီဥက္ကာခဲ ပိုင်ဆိုင်ရင် ချမ်းသာကြွယ်ဝမယ်လို့ ယုံကြည်နေကြတဲ့အတွက် အခုလို ဈေးပြိုင်ဝယ်ယူနေကြတာလို့ဆိုပါတယ်။

စစ်ဆောင်ပန္နား အနောက်မြောက် လီကျန်းမြို့မှာ တိုင်းထွာခဲ့တဲ့ အမေရိကန် အာကာသအေဂျင်စီ NASA ရဲ့ အဆိုအရ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ယမ်းပေါက်ကွဲအား တန် ၅၄ဝ နဲ့ညီတဲ့ ဥက္ကာခဲအပိုင်းအစတစ်ခုဟာ တစ်နာရီ ကီလိုမီတာ ၅ သောင်း ၂ ထောင်နှုန်းနဲ့ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆောင်ပန္နား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဟာ လာအို၊ မြန်မာတို့နဲ့ ၃ ပွင့်ဆိုင်နယ်စပ်မှာ ရှိတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တရုတ်ပြည် စစ်ဆောင်ပန္နားမှာ ဥက္ကာမီးခဲတွေကျ တရုတ်ပြည် စစ်ဆောင်ပန္နားမှာ ဥက္ကာမီးခဲတွေကျ Reviewed by THITHTOOLWIN on 23:41 Rating: 5
Powered by Blogger.