![]() |
ရောဂါမပြန့်အောင် ဆေးဖြန်း |
ကျေးလက်ဒေသကနေ မန်ဒါးကား မြို့အထိ အီဘိုလာ ရောဂါပြန့်နှံ့ ဖြစ်ပွားလာပြီးနောက် ဒီရောဂါ ဖြစ်ပွားမှု တွေ ထိန်းလို့မနိုင်အောင် တိုးလာနိုင်ဖွယ်ရှိတယ်လို့ WHO က သတိပေးထားပြီး စိုးရိမ်ကြောင်းလည်း ပြောပါတယ်။
မန်ဒါးကား မြို့မှာ လူ တသန်းနေထိုင်ပြီး ဒီလဆန်းက အီဘိုလာရောဂါသည်တွေ ပြန်စတွေ့တဲ့ နေရာနဲ့ မိုင် ၈ဝ လောက်ပဲ ဝေးတဲ့နေရာ ဖြစ်ပါတယ်။
အဲဒီမှာ ရောဂါသည် တယောက် စတွေ့ရပြီလို့ ကွန်ဂို (CDR) ကျန်းမာရေး ဝန်ကြီးက ဆိုပါတယ်။
ဒီမြို့ဟာ ကင်ရှာဆာ မြို့တော်ကို သွားတဲ့ ခရီးလမ်းဆုံ မြို့ကြီးလည်း ဖြစ်ပါတယ်။
အခုထိ အီဘိုလာ လူနာ ၄၂ ယောက် တွေ့ထားပြီး သေသူ ၂၃ ယောက် ရှိနေပါပြီ။
![]() |
အီဘိုလာ စမ်းသပ် ကာကွယ်ဆေးတွေ ရောက်လာ |
ဒါပေမဲ့ မန်ဒါးကားလို လမ်းဆုံမြို့ကြီးကို ရောဂါပြန့်လာတာဟာ သိပ်ကြောက်စရာ ကောင်းတယ်လို့ WHO အကြီးတန်း ကျန်းမာရေး အရာရှိတွေက ဆိုပါတယ်။
မြို့ပေါ်မှာ ကူးတဲ့ အီဘိုလာက ရွာမှာ ဖြစ်တာနဲ့ သိပ်ကွာပါတယ်၊ ရောဂါသည်တွေ ချက်ချင်း တအားတိုးသွားဖို့ ဖြစ်နိုင်ခြေတွေ ရှိနေပြီလို့ WHO က ပီတာ ဆာလာမာက ဘီဘီစီကို ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကွန်ဂိုမှာ အီဘိုလာ မပြန့်အောင် ကိုင်မယ်လို့ WHO ပြော
Reviewed by THITHTOOLWIN
on
18:33
Rating:
