Viber သုံးစွဲရာမှ ခင်မင်ရင်းနှီးခဲ့ပြီး တည်းခိုခန်းသို့ခေါ်ဆောင်၍ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သူအား ဖမ်းဆီးအရေးယူ

မျိုးကျော်(ခ) လှမျိုးကျော် အလိုမတူဘဲ သား မယားအဖြစ် ပြုကျင့်သူ။ ဓါတ်ပုံ - SagaingNEWSMediagroup
စစ်ကိုင်း မေ ၂၇

ဖြစ်စဉ်မှာ စစ်ကိုင်းမြို့ နန်းစု ရပ်နေ စစ်ကိုင်းတက္ကသိုလ်ရူပဗေဒ အထူးပြု(တတိယနှစ်)ကျောင်းသူ မ---(၂၁နှစ်)ကိုင်သော တယ်လီ ဖုန်းအား ယမန်နှစ် မတ်လပိုင်းက Viber မှတစ်ဆင့် စစ်ကိုင်းမြို့ စမွန်းရပ် ပန်းဘဲတန်း ရပ်ကွက်နေ ပန်းစိုက်ပျိုးရေးလုပ်ကိုင်သူ ကိုမျိုး ကျော်နှင့်ခင်မင်ရင်းနှီးခဲ့ပြီး တစ်လ ခန့်အကြာတွင် မျိုးကျော်က ၄င်း နှင့်အပြင်၌တွေ့ဆုံရန် ချိန်းဆိုခဲ့ သဖြင့် မ---သည် စစ်ကိုင်း တက္ကသိုလ် ကျောင်းသွားရင်း ကောင်းမှုတော်ဘုရားအနီးတွင် တွေ့ဆုံခဲ့သည်။

ထို့နောက် ရက်သတ္တတစ်ပတ် ခန့်အကြာတွင် မျိုးကျော်က ထပ်မံ တွေ့ဆုံရန် ပြောခဲ့၍ ကျောင်းသွား ရင်း လမ်းတွင်တွေ့ဆုံခဲ့ပြီး မျိုး ကျော်က နေ့ရက်(မမှတ်မိ) နံနက် ပိုင်းအချိန်တွင် မန္တလေးမြို့သို့ ဈေးဝယ်သွားရန် ခေါ်သဖြင့် မ- ---သည် ၄င်းဆိုင်ကယ်ဖြင့် လိုက်သွားခဲ့ရာ ဈေးဝယ်ပြီး အပြန် (နေရာမသိ)အိမ်ကြီးတစ်အိမ်အတွင်း သို့ ခေါ်ဆောင်သွားပြီး မျိုးကျော် က မ---အား လင်မယားအဖြစ် ပေါင်းသင်းခဲ့၍ မ----က ငြင်း ဆန်ခဲ့ပြီး ၄င်းနှင့်ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေပုံကို မျိုးကျော်က ၄င်း ဖုန်းဖြင့် ဓာတ်ပုံရိုက်ကူးခဲ့သည်။

မျိုးကျော်(ခ) လှမျိုးကျော် အလိုမတူဘဲ သား မယားအဖြစ် ပြုကျင့်သူ ။ ဓါတ်ပုံ - SagaingNEWSMediagroup
 ရက်သတ္တနှစ်ပတ်ခန့်အကြာ မွန်းလွဲ ပိုင်းတွင် ကျောင်းမှအပြန် မျိုးကျော် သည် လမ်းမှစောင့်နေပြီး မန္တလေး မြို့မှ အမည်မသိအိမ်ကြီးအတွင်း ရိုက်ကူးထားသော မ---၏ ကိုယ်လုံးတီးပုံများကိုပြသ၍ မိတ် ဆွေများ၏ ဖုန်းများထံသို့ Viber ဖြင့်ဖြန့်ဝေမည်ဖြစ်ကြောင်း ခြိမ်း ခြောက်ပြောဆိုပြီး စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ ရွှေပြည်စိုး တည်းခိုခန်းသို့ တစ်ပတ်ခြားတစ်ကြိမ် ခေါ်ပြီး သားမယားအဖြစ် အကြိမ် ကြိမ် ပြုကျင့်ခဲ့သည်။

 မ---၏ တိုင်ကြားချက်အရ ယခုလ ၂၂ ရက် ညနေ ၆ နာရီခွဲတွင် စစ်ကိုင်း မြို့ အမှတ်(၂) ရဲကင်းစခန်းမှူး ရဲအုပ်ဇော်ထွန်းက သွားရောက် ဖမ်းဆီးခဲ့ပြီး စစ်ကိုင်းမြို့ စမွန်းရပ် ပန်းဘဲတန်းနေသူ မျိုးကျော်(ခ) လှမျိုးကျော် အလိုမတူဘဲ သား မယားအဖြစ် ပြုကျင့်သူအား (ပ) ၂၇၁/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ဖမ်းဆီးအရေးယူထား ကြောင်း သိရသည်။

ထွေးမြင့်နိုင်(စစ်ကိုင်း)
The Union Daily
https://www.facebook.com/uniondaily.net/
Viber သုံးစွဲရာမှ ခင်မင်ရင်းနှီးခဲ့ပြီး တည်းခိုခန်းသို့ခေါ်ဆောင်၍ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သူအား ဖမ်းဆီးအရေးယူ Viber သုံးစွဲရာမှ ခင်မင်ရင်းနှီးခဲ့ပြီး တည်းခိုခန်းသို့ခေါ်ဆောင်၍ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သူအား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.