မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ဇွန်လ ၁၂ ရက်နေ့ တွေ့ဆုံမယ့် အစီအစဉ်ကို အမေရိကန်သမ္မတ Donald Trump က ဖျက်သိမ်းလိုက်ကြောင်း ဒီကနေ့ပဲ သမ္မတ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။ တွေ့ဆုံဖို့ မျှော်လင့်ထားပေမဲ့လည်း၊ မကြာသေးခင်က ဒေါသတကြီးနဲ့ ရန်လိုတဲ့ သဘောထားတွေအရ အခုအချိန်ဟာ တွေ့ဖို့ မသင့်တော်သေးဘူးလို့ ခံစားမိတဲ့အကြောင်း အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ သမ္မတ Trump ကပြောဆိုထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မြောက်ကိုရီးယားခေါင်းဆောင်နဲ့တွေ့ဖို့ အစီအစဉ် သမ္မတ Trump ဖျက်သိမ်း
Reviewed by THITHTOOLWIN
on
20:50
Rating:
