![]() |
အမေရိကန် သမ္မတ Trump (၀ဲ)၊ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un (ယာ) |
ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဖျက်သိမ်းဖို့ ဘာမှ အကြောင်းကြားလာတာ မရှိသေးသလို ဘာမှလည်း မမြင်ရ မကြားရသေးတာမို့ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း အချိန်က စကားပြောလာလိမ့်မယ်လို့ သမ္မတ Trump က ဗုဒ္ဓဟူးနေ့က သမ္မတအိမ်ဖြူမှာ ပြောပါတယ်။ မြောက်ကိုရီးယားဘက်က နျူကလီယားလက်နက်ဖျက်သိမ်းဖို့ အမေရိကန်က ဆက်လက်တောင်းဆိုနေကြောင်းလည်း ပြောပါတယ်။
တကယ်လို့ ဇွန်လ ၁၂ ရက် စင်္ကာပူမှာကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းခဲ့မယ်ဆိုရင် ပြင်းထန်တဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ သမ္မတ Trump က ပြင်ဆင်ထားပြီး မြောက်ကိုရီးယားအပေါ် စီးပွါးရေးဆိုင်ရာ အရေးယူတဲ့ အပြင်းထန်ဆုံး ဖိအားပေးမှုတွေ ဆက်လုပ်နေမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Sarah Huckabee Sanders က အစောပိုင်းမှာ ပြောကြားခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် ဖျက်သိမ်းဖို့ တဖက်သတ် ဆက်ပြီးပြောနေမယ် ဆိုရင် ခေါင်းဆောင် ၂ ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ လုပ်မလုပ် ပြန်စဉ်းစားရမှာ ဖြစ်ကြောင်း မြောက်ကိုရီးယား ဒု နိုင်ငံခြားရေးဝန်ကြီး Kim Kye Gwan က ပြောကြားလိုက်တဲ့ နောက်မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ကိစ္စ အတွက် သံသယတွေ ဖြစ်လာရတာပါ။
အမေရိကန်ဘက်က နျူကလီယားလက်နက် ဖျက်သိမ်းရေးအတွင်း အတင်း ချောင်ပိတ်ပြီး တဖက်သတ်ဖိအားပေးဖို့ ကြိုးစားလာမယ် ဆိုရင် Trump- နဲ့ Kim တို့ရဲံ ထိပ်သီးဆွေးနွေးပွဲအတွက် မြောက်ကိုရီယားက စိတ်ဝင်စားတော့မှာ မဟုတ်ကြောင်းလည်း Kim ကပြောပါတယ်။
ပင်တာဂွန်စစ်ဌာနချုပ်ကတော့ Max Thunder လေ့ကျင့်မှုဟာ အမေရိကန်ရဲ့ မဟာမိတ် တောင်ကိုရီးယားကို သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း၊ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်စွမ်းနဲ့ အသင့်အနေထားရှိအောင် မြှင့်တင်ပေးဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်း ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Trump နဲ့ ဆွေးနွေးပွဲ ပျက်နိုင်မည့် အရိပ်လက္ခဏာ မြောက်ကိုးရီးယားဘက်က ပိုပြလာ
Reviewed by THITHTOOLWIN
on
08:27
Rating:
