![]() |
အကြမ်းဖက်တိုက်ခိုက်ခံရသော အင်ဒိုနီးရှားနိုင်ငံ Riau ပြည်နယ်ရှိ ရဲဌာနချုပ်အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) |
အင်ဒိုနီးရှားနိုင်ငံ Riau ပြည်နယ်ရှိ ရဲတပ်ဖွဲ့ ဌာနချုပ်ကို အကြမ်းဖက်သမားများက ယနေ့ (မေလ ၁၆ ရက်)တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း နှင့် ယင်းဖြစ်စဉ်အတွင်း အကြမ်းဖက်သမား သုံးဦးသေဆုံးပြီး အခြား တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Muhammad Iqbal က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက်သမား ၈ ဦးပါဝင်ကြောင်း ၊ ၄င်းတို့ အနက် လေးဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာတွင် သုံးဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲက Beritasatu ရုပ်သံသတင်းဌာနသို့ ပြောကြားခဲ့သည်။
ထွက်ပြေးသွားသော အကြမ်းဖက်သမားများနောက်ကို ရဲတပ်ဖွဲ့ ဝင်များက လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။
(Xinhua)
http://xinhuamyanmar.com
အင်ဒိုနီးရှားနိုင်ငံ Riau ပြည်နယ်ရှိ ရဲတပ်ဖွဲ့ ဌာနချုပ်ကို စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်
Reviewed by THITHTOOLWIN
on
18:37
Rating:
