![]() |
ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်ခံရတဲ့ ဒေါ်ဖြူဖြူသန်း ကို ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့ကတွေ့ရစဉ် / Photo: Min Thein Aung/RFA |
ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ဥပဒေလမ်းကြောင်းကပဲ ရင်ဆိုင်သွားမယ်လို့ အမှုဖွင့်ခံထားရတဲ့ ဒေါ်ဖြူဖြူသန်း က ပြောပါတယ်။
စစ်တွေမြို့မှာ ပြီးခဲ့တဲ့မေလ ၁၃ ရက်နေ့က အကြမ်းဖက်လူမျိုး အလိုမရှိ၊ မြန်မာနိုင်ငံရဲ့ဥပဒေကိုလေးစားပါ၊ အစိုးရက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးရေးစတဲ့ အချက်တွေကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲမှာ ခွင့်ပြုချက်မှာမပါဝင်တဲ့ အသံချဲ့စက်လော်စပီကာတွေ အသုံးပြုခဲ့သလို ဟောပြာမှုတွေ ပြုလုပ် ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမှတ်(၂)ရဲစခန်းမှာ ရဲက တရားလိုလုပ်ပြီး အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဟာ ခွင့်ပြုချက်မှာ မပါဝင်တဲ့ပြုမူလုပ်ဆောင်ချက်တွေရှိရင် အရေးယူနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။
မနေ့ညနေက ဆန္ဒပြပွဲ ဦးဆောင်လျှောက်ထားခဲ့တဲ့ ဒေါ်ဖြုဖြူသန်းကို အမှတ်(၂) ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ပြီး အာမခံနဲ့လွှတ်ပေးထားတယ်လို့လည်း သိရပါတယ်။
RFA Burmese
https://www.rfa.org/burmese
NVC ကတ်ကိစ္စ ဆန္ဒပြပွဲဦးဆောင်သူ ငြိမ်းစုစီဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံရ
Reviewed by THITHTOOLWIN
on
19:54
Rating:
