![]() |
မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak ရဲ့ အိမ်ကို မလေးရှားရဲတွေက ဝင်ရောက်စီးနင်းနေစဉ် မေလ ၁၆၊ ၂၀၁၈ |
Najib ဟာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်း အနီးရှိ ပလီဝတ်ကျောင်းမှာ ဝတ်ပြုအပြီး နေအိမ်ပြန်ရောက်လို့ မကြာခင်မှာပဲ ရဲမော်တော်ယာဉ် တဒါဇင်ကျော်လောက် သူ့ရဲ့ နေအိမ် နားရောက်လာတာကို တွေ့ကြရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အထွေထွေရွေးကောက်ပွဲမှာ အရေးရှုံးနိမ့်ခဲ့ရအပြီးမှာ Najib ဟာ နေအိမ်မှာ အကျယ်ချုပ်နီးပါး အချခံထားရတာ ဖြစ်ပါတယ်။ သူ့အိမ်ရှေ့ရှိလမ်းကိုလည်း ရဲတွေက သွားလာမှုကန့်သတ်ထားပြီး သူနဲ့ သူ့ဇနီးတို့ကိုလည်း ပြည်ပထွက်ခွါခြင်း ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။
စီးပွါးကူးသန်းရေး ရာဇဝတ်မှုဆိုင်ရာ ဒါရိုက်တာ Amar Singh Ishar Singh ကတော့ Najib နဲ့ ပတ်သက်မှုရှိတာ ဒါမှမဟုတ် သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ရှိတဲ့ နေရာ ၅ နေရာမှာ သက်သေအထောက်အထား ရဖို့ ရဲတွေကရှာဖွေကြောင်း ပြောပေမယ့် အသေးစိတ် ပြောကြားဖို့တော့ ငြင်းဆိုပါတယ်။
မလေးရှားဝန်ကြီးချုပ် အသစ် Mahathir Mohamad ကတော့ Najib တည်ထောင်ထားတဲ့ အစိုးရပိုင် မလေးရှားဖွံ့ဖြိုးမှုဘဏ် (1MDB) ရဲ့ ဘီလျံဒေါ်လာ အများအပြားနဲ့ ပတ်သက်တဲ့ ငွေကြေး အရှုပ်တော်ပုံကို စုံစမ်းဖို့ လုံလောက်နေပြီလို့ ပြောပါတယ်။ Najib ကတော့ သူအမှားတစုံတရာ မလုပ်ထားကြောင်း ပြောပါတယ်။
ဒီအမှုအတွက် အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံမှာ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မလေးရှားဝန်ကြီးချုပ်ဟောင်း Najib နေအိမ် ရဲဝင်ရောက်စီးနင်း
Reviewed by THITHTOOLWIN
on
08:27
Rating:
