မြေယာပြဿနာကြောင့်မတ်ကျန်းပြည်သူ့စစ် MTAအဖွဲ့က နမ့်ဟူးရွာ တောင်သူကိုသေနတ်ဖြင့်ပစ်ခတ် ရိုက်နက်မှုဖြစ်ပွား
![]() |
အရပ်ဝတ်နဲ့ သေနတ်ကိုင်ကာ ပြည်သူအား ခြိမ်းခြောက်တဲ့ မတ်ကျန်းပြည်သူ့စစ်မှ အဖွဲ့ဝင်တွေ။ ဓါတ်ပုံ - Than Soe Aung CJ |
ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြိုနယ် တောင်နောက်ကျေးရွာ အုပ်စု နမ့်ဟူးရွာမှာ မေလ၁၄ ရက်နေ့ မြေယာကိစ္စမတ်ကျန်းပြည်သူ့စစ်က ရွာသားများကိုသေနတ်ဖြင့် ပစ်ခတ်ရိုက်နက်မှုဖြစ်ပွားခဲ့ပါတယ်။
မတ်ကျန်းပြည်သူ့စစ်က တောင်သူပိုင်မြေကိုသိမ်းပြီး တောင်သူတွေ ပြန်လည်လုပ်ကိုင်ဖို့ လာရောက်ထွန်ယက်ချိန်မှာ ပြည်သူ့စစ် ကလာရောက်ပစ်ခတ် ရိုက်နက်ခြိမ်းခြောက်မှုပြုလုပ်တယ်လို့ ရွာသားတွေကပြောပါတယ်။
``ဗိုလ်မှူး ခင်အောင်နဲ့ သူ့တပည့်တွေ ကားပေါ်ကဆင်းတာနဲ့ ရွာသားတွေ ကိုသေနတ်ဖြင့်ပစ်တယ်၊ ရွာသားကိုရိုက်တယ်၊ ရွာသားတွေဝိုင်းပြောမှ နောက်ပြန်ဆုတ်သွားတယ်´´လို့ နမ့်ဟူးရွာသား ခွန်တဝင်းကပြောပါတယ်။
မတ်ကျန်းပြည်သူ့စစ် နမ့်စန်ရုံးချုပ်ကို ဆက်သွယ်မေးမြန်းရာ ``ကျွန်တော် သိတာက ရွာသားနဲ့စကားများတာပါ၊ ရိုက်တယ်ပစ်တယ်တော့ မသိဘူး၊ ကျွန်တော်လည်းခရီးထွက်နေတာ၊ အသေးစိတ်သိချင်ရင် ရွာမှာလာမေးမှရမယ်´´လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အဲဒီမြေယာအရှုပ်အရှင်းကြောင့် မေလ ၈ ရက်နေ့ ကဒေသခံတောင်သူတွေ မီဒီယာနဲ့တွေ့ဆုံပြီး မြေယာသိမ်းဆည်းခံရခြင်းအကြောင်းကို ရှင်းလင်မှုပြုလုပ်ခဲ့ပါတယ်။
``ကျွန်တော်တို့တောင်သူတွေက ဥပဒေ နားမလည်ဘူး၊ မြေယာ ပိုင်ဆိုင်ခွင့်လုပ်ရမယ်လည်းမသိဘူး၊ ပြည်သူ့စစ်အဖွဲ့ တွေကအမျိုးမျိုးခြိမ်းခြောက်တယ်၊ မြေယာပိုင်ဆိုင်ခွင့်ကို ဌာနဆိုင်ရာတွေကသူတို့ကိုလုပ်ပေးတယ်၊ ကျွန်တော် တို့တောင်သူတွေက ဘိုးဘွားလက်ထက်ကတည်းကလုပ်ကိုင်လာတာ၊ မြေယာပိုင်ဆိုင်ခွင့် ပုံစံလည်းမလုပ်တတ်ဘူး၊ အခုသစ်တွေလည်းသူတို့ အကုန်ယူသွားပြီ´´လို့ဒေသခံတွေကပြောပါတယ်။
နမ့်ဟူးကျေးရွာသေခံတွေက နှစ်စဉ် မတ်ကျန်းပြည်သူ့စစ်ထံ အခွန်၊ဆန်၊စသဖြင့်ပေးဆောင်ရသလို စစ်သားစုဆောင်းတဲ့အခါလည်ူ လူငှါးထည့်ရတာမျိုးအမြဲကြုံရတယ်လို့ဒေသခံတွေကပြောပါတယ်။
အဲဒီမြေဟာ ဧက ၄၀၀ ကျော်ရှိပြီး တောင်သူတွေ က စပါး၊ ပြောင်း၊ ပဲမျိုးစုံနဲ့ပန်းနှမ်းတွေကို အဓိကထား စိုက်ပျိုးလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့ပါတယ်။
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor
မြေယာပြဿနာကြောင့်မတ်ကျန်းပြည်သူ့စစ် MTAအဖွဲ့က နမ့်ဟူးရွာ တောင်သူကိုသေနတ်ဖြင့်ပစ်ခတ် ရိုက်နက်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
13:01
Rating:
