တောင်သာမြို့နယ်အတွင်း LGBT စုံတွဲ အဆိပ်သောက်သေဆုံးမှုဖြစ်ပွား


မေ၊ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း LGBT စုံတွဲတတွဲ အဆိပ်သောက်သေဆုံးမှု မေလ ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ် ညောင်တို သရက်တောတန်းကျေးရွာနေ အသက် ၂၀ အရွယ် စကားဝါကျန် (မိန်းမလျာ) နှင့် မိုးနှောင်း ခင်းကျေးရွာနေ အသက် ၁၇ နှစ်အရွယ် မောင်ချစ်ကိုတို့သည် နှစ်ဦးသဘောတူ ပေါင်းသင်းနေထိုင်ကြသည်မှာ ၃ လခန့်ရှိ ပြီးနောက် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သမုဒယက ပြောသည်။

“နှစ်ဦးစလုံး အဆိပ်သောက်သေဆုံးတယ်ဆိုတာ ဟုတ်ပါတယ်။ စိတ်ညစ်မှုကို ထွက်ပေါက်မရှာတတ်သေးတဲ့အရွယ်ဆို တော့ ခုလိုလုပ်လိုက်တယ်လို့ ထင်ပါတယ်။ စိတ်မကောင်းဖြစ်ရတယ်” ဟု ၎င်းက ဆိုသည်။

တောသာဒေသခံ သမုဒယသည် အဆိုပါ LGBT စုံတွဲနှင့် ခင်မင်ရင်းနှီးသူဖြစ်သကဲ့သို့ ယခုလည်း နှစ်ဦးစလုံး၏ နာရေးကိစ္စ များကို လိုက်ပါကူညီပေးနေသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၅ ရက်နေ့ နေ့လယ်ပိုင်းက ၎င်းတို့နှစ်ဦးသည် ညောင်တိုသရက်တောတန်းရွာရှိ ယာခင်းဘေးတခုတွင် ပဲ စင်းငုံပိုးသတ်ဆေးသောက်ခဲ့ပြီးနောက် မသေခင်ရင်ပူသည်ကို မခံစားနိုင်၍ စကားဝါကျန်က သူငယ်ချင်းများထံ ဖုန်းဆက် ခေါ်ရာ အချိန်မီဆေးရုံပို့ခဲ့သော်လည်း ယင်းနေ့ညတွင်ပင် နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း သမုဒယက ရှင်းပြသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က ၎င်းတို့နှစ်ဦးနေထိုင်မှုကို သဘောမကျသည့် စကားဝါကျန်၏ မိသားစုများက ၎င်းတို့ကို ခွဲနေ ရန် ဖိအားပေးမှုများရှိလာခြင်းကြောင့် ယင်းသို့အဆုံးစီရင်ခြင်းဖြစ်နိုင်ကြောင်း ၎င်း LGBT စုံတွဲနှင့် ခင်မင်ရင်းနှီးသူများက ပြောဆိုသည်။

စကားဝါကျန်၏ ရုပ်အလောင်းကို မေလ ၁၆ ရက်ညနေပိုင်းတွင် ၎င်း၏ရွာ၌ မီးသင်္ဂြိုဟ်ခဲ့ပြီး မောင်ချစ်ကို၏ရုပ်အလောင်းကို ယနေ့နံနက်တွင် မိုးနှောင်း ကင်းကျေးရွာ၌ သင်္ဂြိုဟ်ခဲ့ကြောင်း သမုဒယက ပြောသည်။

LGBT အသိုင်းအဝိုင်းအနေဖြင့် ရှေ့ဆက်လုပ်ရမည့် အသိပညာပေးမှုလုပ်ငန်းများကို အောက်ခြေတောရွာများအထိ ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်နေသည်ကို ယခုဖြစ်ရပ်က သက်သေပြသွားခြင်းဖြစ်ကြောင်း LGBT အရေးလှုပ်ရှား သူများက ပြောဆိုသည်။

အဆိုပါ LGBT နှစ်ဦး အဆိပ်သောက်ဆုံးမှုနှင့်ပတ်သက်၍ တောင်သာရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိ ကြောင်း သိရသည်။

ဓာတ်ပုံ - Thamudaya Kway FB
ပဉ္စမလှိုင်း
The Fifth Wave News
https://www.facebook.com/fifthwavenews
တောင်သာမြို့နယ်အတွင်း LGBT စုံတွဲ အဆိပ်သောက်သေဆုံးမှုဖြစ်ပွား တောင်သာမြို့နယ်အတွင်း LGBT စုံတွဲ အဆိပ်သောက်သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.