တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သည်များ လွှဲပြောင်းရေး ICRC က ကြားဝင်ဆောင်ရွက်ပေးဖို့ အသင့်ရှိလို့ ပြောဆို
![]() |
ICRC အဖွဲ့ အမှတ်အသား။ Photo: International Committee of the Red Cross Myanmar |
အစိုးရတပ်မတော်နဲ့ ကချင်ပြည်နယ်မှာ KIA ကချင်လွတ်မြောက်ရေးအဖွဲ့များနဲ့ တိုက်ပွဲများ ဖြစ်ပွားနေသလို AA ရက္ခိုင့်တပ်မတော်နဲ့ တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲများမှာ AA က အစိုးရတပ်မတော်က စစ်သည်သုံးဦးနဲ့ KIA က တပ်မတော် အရာရှိတစ်ဦးအပါအ၀င် ၆ ဦး ဖမ်းမိထားတယ်လို့ ကြေညာထားပါတယ်။
ဖမ်းမိထားတဲ့ စစ်သည်များ ပြန်လည်လွဲပြောင်းရေးအတွက် ICRC အနေနဲ့ ကြားကဆောင်ရွက် ပေးနိုင်ပါတယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ICRC အဖွဲ့က Fabrizio Carboni က ပြောပါတယ်။ ICRC ရဲ့ အဓိကလုပ်ငန်းဟာ အကျဉ်းသားတွေ ပြောင်းရွေ့ရေးနဲ့ သက်ဆိုင်ပြီး တစ်ကမ္ဘာလုံးမှာ ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ICRC အနေနဲ့ ကြားနေပြီး ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေကြား ပွင့်ပွင့်လင်းလင်းနဲ့ ယုံကြည်မှုရှိစေဖို့ ဆောင်ရွက်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ICRC အနေနဲ့ ၂၀၁၅ ခုနှစ်က AA အဖွဲ့က လွဲပြောင်းပေးတဲ့ အစိုးရတပ်မတော် စစ်သည်များကို ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ လွဲပြောင်းယူခဲ့ဖူးပါတယ်။
RFA Burmese
https://www.rfa.org/burmese
တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သည်များ လွှဲပြောင်းရေး ICRC က ကြားဝင်ဆောင်ရွက်ပေးဖို့ အသင့်ရှိလို့ ပြောဆို
Reviewed by THITHTOOLWIN
on
17:35
Rating:
