မန္တလေးမှာ ပစ္စတိုသေနတ်(၁)လက် လက်ဝယ်ထားရှိ ကိုင်ဆောင်ခဲ့သူအား ဖမ်းဆီးအရေးယူထား


၂၀၁၈ ခုနှစ်၊ မေလ ၁၂ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ချိန် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်နေ ဂျာမဂျာလဆိုင်း(ခ)လဆိုင်း(၄၄) နှစ်အား ပစ္စတိုသေနတ်(၁)လက် လက်ဝယ်ထားရှိ ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်မှုအရ သိရပါသည်။

အမှတ်(၁၈)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေ များနှင့်အတူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်နေ ဂျာမဂျာလဆိုင်း(ခ)လဆိုင်း(၄၄) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်အောက်ထပ် အိပ်ခန်းအတွင်းရှိ အိပ်ရာခေါင်းအုံး အောက်မှ MODEL TUKKW.32L.R နှင့် RANKONLA JAGD-GERMAN စာတန်းပါ ပစ္စတိုသေနတ်(၁)လက်၊ ကျည်(၅)တောင့်ပါ ကျည်အိမ်(၁)ခုတို့အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

 ဂျာမဂျာလဆိုင်း(ခ)လဆိုင်း အား မဟာအောင်မြေမြို့မရဲစခန်း (ပ)၃၀၃/၂၀၁၈၊ လက်နက်များအက် ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
မန္တလေးမှာ ပစ္စတိုသေနတ်(၁)လက် လက်ဝယ်ထားရှိ ကိုင်ဆောင်ခဲ့သူအား ဖမ်းဆီးအရေးယူထား မန္တလေးမှာ ပစ္စတိုသေနတ်(၁)လက် လက်ဝယ်ထားရှိ ကိုင်ဆောင်ခဲ့သူအား ဖမ်းဆီးအရေးယူထား Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.