မလေးရှား နဲ့ ထိုင်းနယ်စပ်ဗုံး ပေါက်ကွဲမှု အကြိမ်၂၀ ကျော် ဖြစ်ပွား

ပုံ - ဗုံးခွဲခံရတဲ့ အဆောက်အဦတခုကို ရဲများ ရှာဖွေနေစဉ် (ဓါတ်ပုံ - ဂျကာတာပို့စ်)
မွတ်စလင်ခွဲထွက်ရေး သူပုန်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ် ထိခိုက်နေရတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တရက်တည်းမှာ မလေးရှား နဲ့ နယ်စပ်၊ ထိုင်းတောင်ပိုင်းက ခရိုင် ၄ ခုမှာ လက်လုပ်ဗုံး ပေါက်ကွဲမှု အကြိမ်၂၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။

ထိုင်းစစ်တပ် နဲ့ သူပုန်အဖွဲ့တွေကြား စစ်မဲ့ဇုန် တရပ် ထူထောင် ဖန်တီးရေး ဆွေးနွေးနေတဲ့ကိစ္စ အခြေအနေ တိုးတက်ကောင်းမွန်လာနေချိန်အတွင်း အခုလို ဖေါက်ခွဲမှုတွေ ပေါ်ပေါက်လာခဲ့တာပါ။

မွတ်စလင်ခွဲထွက်ရေး သူပုန်တွေဟာ မငြိမ်မသက်ဖြစ်အောင် ဖန်တီးရေးကိုသာ အမြဲရှာကြံနေကြတာဖြစ်ပြီး၊ အခု ဖေါက်ခွဲမှုတွေကတော့ လွယ်ကူတဲ့ ပစ်မှတ်တွေကို အသုံးချလာကြတာဖြစ်တယ်လို့ စစ်တပ်ပြောခွင့်ရသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်း ထိုင်းတောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက် ခိုက်မှု၊ ဗုံးခွဲမှုတွေကြောင့် အခုချိန်အထိ သေဆုံးသူ ၇ ထောင် နီးပါးရှိသွား ပြီ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မလေးရှား နဲ့ ထိုင်းနယ်စပ်ဗုံး ပေါက်ကွဲမှု အကြိမ်၂၀ ကျော် ဖြစ်ပွား မလေးရှား နဲ့ ထိုင်းနယ်စပ်ဗုံး ပေါက်ကွဲမှု အကြိမ်၂၀ ကျော် ဖြစ်ပွား Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.