နန့်စီးအောင်ဘူတာတွင် အမှတ်(၅၇)အဆန်ရထားကို ခဲပေါက်သူကို ဖမ်းဆီးအရေးယူ


အင်းတော် မေ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်နန့်စီးအောင် ဘူတာတွင်အမှတ်(၅၇) အဆန်ရထားရပ်နားစဉ် အမျိုးသား တစ်ဦးမှ ခဲဖြင့် ပစ်ပေါက်ခဲ့၍ ရထားထိန်း၏ ဦးခေါင်းတွင် ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် ခဲ့သည် ။

မေလ ၁၄ရက်နေ့ ည၁၁နာရီ ၈မိနစ်အချိန်တွင် စက်ခေါင်းမောင်း ဦးကိုကိုမောင်းနှင်ပြီး ရထားထိန်းဦးဇော်ဝင်းလိုက်ပါလာသော အမှတ်(၅၇)အဆန်ရထားသည် နန့် စီးအောင်ဘူတာတွင်ခေတ္တရပ်နားစဉ် အောင်မောင်း(ခ)ဝင်းစိုးဆိုသူမှခဲဖြင့် ပစ်ပေါက်ခဲ့၍ ရထားထိန်းဦးဇော်ဝင်း၏ ဦးခေါင်းထိပ်တွင် လက်မဝက်ခန့် ပေါက်ပြဲဒဏ်ရာရရှိခဲ့ သဖြင့် မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ ဆောင်ကာ ဆေးကုသမှု ခံယူခဲ့ရကြောင်း ၊ ခဲဖြင့်ပစ်ပေါက်သူ အောင်မောင်း(ခ)ဝင်းစိုးအား ဖမ်းဆီး၍မော်လူးနယ်မြေရဲစခန်းတွင်ပို့ ဆောင် စစ်ဆေးရာအောင်မောင်း(ခ)ဝင်းစိုး၏ အစစ်ခံချ က်အရ ၎င်းသွားမည့်လမ်းတွင် ရထားပိတ်ရပ်ထားသဖြင့် ရထားတွဲပေါ်မှဖြတ်သန်းသွားလို၍ ရထားတံခါး ဖွင့်ခိုင်းရာ ဖွင့်မပေးသဖြင့် စိတ်တိုကာ ခဲဖြင့်ပစ်ပေါက်မိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ နောက်နန့် စီးအောင်ဘူတာဒုရုံပိုင်ဦးဘရန်ရှောင်မှတရားလိုပြု လုပ်၍အမှု ဖွင့်လှစ်ခဲ့သဖြင့်အောင်မောင်း(ခ)ဝင်းစိုး(၃၆)နှစ် ပေကုန်းကျေးရွာ မန်ဟဲကျေးရွာအုပ်စုအင်းတော်မြို့ နယ်နေထိုင်သူအားမော်လူးနယ်မြေရဲစခန်းမှအမှု ရေးဖွင့် ဖမ်းဆီးစစ်ဆေးလျ က်ရှိကြောင်းသိရှိရသည် ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နန့်စီးအောင်ဘူတာတွင် အမှတ်(၅၇)အဆန်ရထားကို ခဲပေါက်သူကို ဖမ်းဆီးအရေးယူ နန့်စီးအောင်ဘူတာတွင် အမှတ်(၅၇)အဆန်ရထားကို ခဲပေါက်သူကို ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.