လူမှုရေးကွန်ရက်ပို့စ်အတုတွေကြောင့် အိန္ဒိယမှာ လူသတ်မှုတွေဖြစ်ပွား


အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ လူဆိုးဂိုဏ်းတစ်ခုက ကလေးတွေကို ပြန်ပေးဆွဲနေတယ်ဆိုပြီး လူမှုကွန်ရက်မှာ သတင်းတွေဖြန့်ဝေခဲ့တဲ့အတွက် ထင်ကြေးနဲ့သံသယရှိသူတွေကို လူစုလူဝေးနဲ့ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၃ ယောက်သေဆုံးပြီး ဒဏ်ရာရသူတချို့ရှိခဲ့ပါတယ်။ အဲဒီဂိုဏ်းဆိုတာဟာ တကယ်မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တယ်လန်ဂါနာပြည်နယ် ရွာတစ်ရွာက သုံးဘီးယာဉ်မောင်းသူတစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့အတွက် ရွာသား ၆ ယောက်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ အဲဒီ ရွာသားတွေက သုံးဘီးသမားဟာ ကလေးတွေကို ဖျားယောင်းဖမ်းဆီးသူလို့ သံသယဝင်ပြီး သတ်ပစ်ခဲ့တာဖြစ်ပါတယ်။

အန်ဒရာပရာဒက်ရှ်ပြည်နယ် ဂွန်တူခရိုင်ထဲမှာလည်း ဘီဟာပြည်နယ်လာတဲ့ အမျိုးသမီးတစ်ယောက်ကို ကလေးတွေကို ဖျားယောင်းဖမ်းဆီးတယ်လို့ သံသယဝင်ပြီး လူအုပ်စုက ဝိုင်းဝန်းရိုက်နှက်တဲ့အတွက် ဆေးရုံကိုပို့ဆောင်လိုက်ရပြီး စိုးရိမ်ရတဲ့အနေအထားမှာရှိနေပါတယ်။
ကာနက်တာကာပြည်နယ်ရဲ့မြို့တော် ဘန်ကလောမှာလည်း လူတစ်ယောက်ကို သစ်ပင်မှာကြိုးနဲ့တုတ်ပြီး ရိုက်နှက်ခဲ့တဲ့အတွက် လူ ၉ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

လူမှုကွန်ရက်မှာ ကလေးခိုးတယ်ဆိုတဲ့အကြောင်း ပြောဆိုထားတဲ့ ဗွီဒီယိုပျံ့နှံ့နေပေမယ့် တကယ်က အပြင်မှာ ကလေးပျောက်ဆုံးတဲ့အမှု မရှိဘူးလို့ ရဲက ပြောပါတယ်။ အဲဒီဗွီဒီယိုပို့စ်ဟာ လူတွေကို ကြောက်ရွံ့ထိတ်လန့်စေပြီး ရွာသားတွေဟာ ကလေးခိုးတယ်လို့ သံသယရှိသူတွေကိုရှာဖို့ ကင်းအုပ်စုတွေ ဖွဲ့ထားကြတယ်လို့လည်း သူက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
လူမှုရေးကွန်ရက်ပို့စ်အတုတွေကြောင့် အိန္ဒိယမှာ လူသတ်မှုတွေဖြစ်ပွား လူမှုရေးကွန်ရက်ပို့စ်အတုတွေကြောင့် အိန္ဒိယမှာ လူသတ်မှုတွေဖြစ်ပွား Reviewed by THITHTOOLWIN on 22:18 Rating: 5
Powered by Blogger.