စိစစ်ပြီးသားရိုဟင်ဂျာနဲ့ ဟိန္ဒူ ၁ဝဝဝ ကျော်ပြန်လွှဲပေးဖို့ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတစ်ခုမှာ မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ်/ Photo: RFA
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာမွတ်စလင်နဲ့ ဟိန္ဒူတွေထဲက စိစစ်ပြီးသား ၁၁ဝ၁ ယောက်ကို အရင်ဆုံးပြန်လွှဲပေးဖို့ မြန်မာကိုယ်စားလှယ်တွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို တိုက်တွန်းလိုက်ပါတယ်။ လူအယောက် ၈ဝ၃၂ ယောက်ကိုစိစစ်ဖို့ ဘင်္ဂလားဒေ့ရှ်က ပေးထားတဲ့စာရင်းထဲကနေ၊ မွတ်စလင် ၇ ရာကျော်နဲ့ ဟိန္ဒူ ၄ ကျော်ကို မြန်မာနိုင်ငံမှာနေထိုင်ခဲ့တာ မှန်ကန်တဲ့အကြောင်း စိစစ်ပြီးစီးခဲ့တာပါ။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အတွင်းဝန်ဦးဆောင်တဲ့အဖွဲ့နဲ့ ဒါကာမြို့မှာ မနေ့က ဒုတိယအကြိမ် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအစည်း အဝေး ပြုလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ထွက်ပြေးသွားတဲ့သူတွေကို ပြန်လက်ခံနိုင်မယ့်အစီအစဉ်တွေ၊ သူတို့ပြန်ရောက်ရင် စားသောက်နေထိုင်ရေးနဲ့ ဘဝပြန်လည်ထူထောင်ရေးတွေကို ဆွေးနွေးကြသလို၊ အထူးသဖြင့် အမျိုးသား စိစစ်ရေးကတ်ကို ဘယ်လိုထုတ်ပေးနေလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာအစိုးရဘက်က စိစစ်ပြီးစီး သွားတာကို မြန်မာနိုင်ငံကိုပြန်မယ့် ရိုဟင်ဂျာတွေကြားမှာ ယုံကြည်မှုရအောင် ပြန်ပြီးဖြန့်ဝေနိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောပါတယ်။ ဒါ့အပြင် ပြန်ရောက်သွားတဲ့အခါမှာလည်း လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်စားသောက်နိုင်ပြီး၊ စိတ်ချလက်ချနေနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးစေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောပါတယ်။

နောက်တစ်ခေါက်ကျင်းပမယ့် တတိယအကြိမ် ပူးတွဲလုပ်ငန်းအစည်းအဝေးကို နေပြည်တော်မှာ ပြုလုပ်ကြဖို့ သဘောတူထားကြပါတယ်။

RFA Burmese
https://www.rfa.org/burmese
စိစစ်ပြီးသားရိုဟင်ဂျာနဲ့ ဟိန္ဒူ ၁ဝဝဝ ကျော်ပြန်လွှဲပေးဖို့ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်း စိစစ်ပြီးသားရိုဟင်ဂျာနဲ့ ဟိန္ဒူ ၁ဝဝဝ ကျော်ပြန်လွှဲပေးဖို့ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်း Reviewed by THITHTOOLWIN on 22:40 Rating: 5
Powered by Blogger.