ဒီနှစ်ထဲမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ အာဏာသိမ်း (၄)နှစ်ပြည့်နေ့မှာ ထိုင်းစစ်အစိုးရကို ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား သူတွေက ဘန်ကောက်မြို့ လမ်းတွေပေါ် ချီတက်ဆန္ဒပြတောင်းဆိုစဉ်မှာ ထောင်ချီတဲ့ ထိုင်းလုံခြုံရေးတွေက ပိတ်ဆို့တားဆီးခဲ့ပါတယ်။
ဆန္ဒပြသူ(၂၀၀)လောက်က ဘန်ကောက်တက္ကသိုလ်ဝင်းကနေ အစိုးရရုံးရှိရာကို ချီတက်လာစဉ်မှာ ရဲအင်အား(၃၂၀၀)နဲ့ တားဆီးခဲ့တာဖြစ် ပါတယ်။ ဆန္ဒပြသူတွေထဲက အုပ်စုတစုကတော့ ချီတက်နေတဲ့လမ်းကြောင်းကနေ ခွဲထွက်သွားပြီး၊ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးနားအထိ ရောက်သွားခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ အဓိကခေါင်းဆောင် ၄ဦးရှိပြီး ၊ ပထမအဆင့်အနေနဲ့ လမ်းမတွေပေါ် ထိုင်ရင်း ဒီနှစ်ထဲ ရွေးကောက်ပွဲလုပ်ပေးဖို့ ဆိုတဲ့ သူတို့ရဲ့ ကြေညာချက်ကို ဖတ်ကြားပါတယ်။ ချက်ချင်းဆိုသလိုပဲ ဆန္ဒပြသူတချို့ကို ရဲက ဝင်ဖမ်းသွားပါတယ်။ နိုင်ငံရေးအရ ကွဲပြားနေတာကို ထိုင်းစစ်အစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကြိုးစားနေတယ်ဆိုပေမယ့် အကျင့်ပျက် ချစားမှုတွေ၊ ရွေးကောက်ပွဲလုပ်ပေးမယ့် ကတိကို အကြိမ်ကြိမ် ရွေးဆိုင်းခဲ့တာတွေကြောင့် နာမည်ပျက်ခဲ့ရပါတယ်။
ဆန္ဒပြအင်အားစုကို ကျောင်းသားတွေက အဓိက ဦးဆောင်တာဖြစ်ပြီး လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်းတချို့လည်း ပါဝင်တာပါ။ ပြီးခဲ့တဲ့လပိုင်း တွေကစလို့ ကျောင်းသားဆန္ဒပြပွဲတွေ လုပ်လာခဲ့ပြီး ထိုင်းစစ်အစိုးရ နှုတ်ထွက်ပေးဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောက်လျှောက် တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။ လာမယ့်နှစ် ဖေဖေါ်ဝါရီလထဲမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ၂၀၁၄ မေလ(၂၂)ရက်နေ့မှာ အာဏာသိမ်း တက်လာတဲ့ ထိုင်းစစ်အစိုးရက ကတိပေးထားပါတယ်။ ထိုင်းစစ်အစိုးရလက်ထက်မှာ နိုင်ငံရေးအရ လူ(၅)ဦးနဲ့အထက် စုဝေးတာကို တားမြစ်ထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
စစ်တပ်အာဏာသိမ်းမှု ၄ နှစ်မြောက် ကန့်ကွက်ဆန္ဒပြ
Reviewed by THITHTOOLWIN
on
21:17
Rating:
