ဧရာဝတီတိုင်းအတွင်း လှေ၊ သင်္ဘောများ ခိုးယူနေသောဂိုဏ်းအား ဖော်ထုတ် ဖမ်းဆီးနိုင်


ဖျာပုံ မေ ၃ဝ

ဧရာဝတီတိုင်းဒေသကြီးအတွင်း သင်္ဘောသူခိုးဂိုဏ်းအဖွဲ့က ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များနှင့် အခြားမြို့နယ်များမှ ခိုးယူရောင်းချထားသော သင်္ဘောများကို ဖျာပုံခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်ဇော်ထိုက်နှင့် တပ်ဖွဲ့ဝင်များ၊ ဖျာပုံမြို့မရဲစခန်း နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်နိုင်အောင်ထွန်းနှင့် တပ်ဖွဲ့ဝင်များက သတင်းအရ မေ ၂၃ ရက်မှစတင်ပြီး လပွတ္တာတာခရိုင်၊ မြောင်းမြခရိုင်အတွင်း ခိုးယူသွားသောသင်္ဘောများအား လိုက်လံစုံစမ်းသိမ်းဆည်းပြီး မေ ၃ဝ ရက် မွန်းလွဲ ၃ နာရီတွင် ဖျာပုံမြို့သို့ သင်္ဘောများနှင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

''သင်္ဘောက မနှစ်က တန်ဆောင် မုန်းလက ပျောက်သွားတာပါ၊ မမျှော်လင့် ဘဲ သင်္ဘောပြန်တွေ့တော့ ပျော်လည်း ပျော်တယ်၊ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူ ပါတယ်'' ဟု သင်္ဘောပိုင်ရှင် မအူပင် မြို့နယ် ကျွဲတုန်းကျေးရွာနေ ဒေါ်ဝင်းမာမာ က ပြောသည်။

''သင်္ဘောပျောက်သွားတာ မမျှော် လင့်ဘဲ ပြန်တွေ့တော့ ဝမ်းသာအားရဖြစ်မိ ပါတယ်''ဟု ညောင်တုန်းမြို့နယ် မယ်ဇလီ ကျေးရွာအုပ်စုနေ သင်္ဘောပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။
''ဆုံးပြီလို့ သတ်မှတ်ထားတဲ့ သင်္ဘောတွေ ပြန်တွေ့တော့ အလွန်ဝမ်း သာပါတယ်၊ အခုလို လိုက်ဖမ်းပေးတဲ့ အဖွဲ့ကို ကျေးဇူးတင်ပါတယ် '' ဟု ကျိုက်လတ်မြို့နယ်နေသူ ဒေါ်သန္တာဝင်း က ပြောသည်။

''သင်္ဘောက ၂ဝ၁၈ ခုနှစ် မတ်လ ပိုင်းက တစ်စင်း၊ မေလပိုင်းက တစ်စင်း ခိုးခံရတာပါ၊ သံခွံသင်္ဘောတစ်စင်းတော့ ပြန်ရတယ်၊ ပျော်တာတော့ မပြောနဲ့ ရင်ထဲမှာအပြည့်ပဲ''ဟု သင်္ဘောပိုင်ရှင် ဦးနိုင်ဝင်းက ပြောသည်။

''အဓိက တရားခံကို မိတယ်၊ ပထမ အခေါက်က သင်္ဘော ငါးစင်း၊ ယခု အခေါက်မှာ သင်္ဘော ၃၃ စင်း၊ မြောင်းမြ ခရိုင်အတွင်းမှာ ဖော်ထုတ်သိမ်းဆည်းခဲ့ တယ်၊ ခုနစ်ရက်လောက်ကြာပါတယ်'' ဟု ဖျာပုံခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ ခေါင်းဆောင် ရဲအုပ်ဇော်ထိုက်က ပြောသည်။

''အနယ်နယ်အရပ်ရပ်ကို လိုက်သိမ်း တော့ ပထမ သင်္ဘော ငါးစင်း၊ အခု ဖျာပုံ မြို့ကို သယ်လာတာ သင်္ဘော ၃၃ စင်းကို သင်္ဘော အမှန်တကယ်ပိုင်ဆိုင်ကြောင်း အထောက်အထားတွေရှိရင် သင်္ဘော ပိုင်ရှင်တွေကို ပြန်ပေးမှာပါ''ဟု ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းရွှေက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးသည် မြစ် ချောင်းပေါများသော တိုင်းဖြစ်ပြီး လှေ၊ သင်္ဘောများကို အဓိကအသုံးပြုသော ဒေသဖြစ်သောကြောင့် လှေခိုးခံရမှု၊ သင်္ဘောအခိုးခံမှုများလည်း ရှိနေ ကြောင်း၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ လပွတ္တာပိုင် ရွှေပြည်သာ၊ ပြင်ရွာ၊ လူတော်ရွာ၊ ချောင်း ခွဲကြီး၊ ငုတော၊ သောင်စု စသော ကျေးရွာ များမှ ပထမအကြိမ် ငါးစင်း၊ ယခုအကြိမ် ၃၃ စင်း၊ သွားရောက်သိမ်းဆည်းသည့် ကျေးရွာတွင် အပ်ထားခဲ့သော ခုနစ်စင်း စုစုပေါင်း ၄၅ စင်း သိမ်းဆည်းရမိကြောင်း မှုခင်းနှိမ်နင်းရေးအဖွဲ့မှ သိရပြီး သင်္ဘော များအား အထောက်အထားခိုင်လုံစွာ ပြသနိုင်သော ပိုင်ရှင်များထံသို့ ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သင်္ဘောပျောက်ဆုံးနေသော ပိုင်ရှင်များ ကလည်း ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဓါတ်ပုံ - ကျော်စိုးမိုး (facebook)
ကျော်စိုးမိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဧရာဝတီတိုင်းအတွင်း လှေ၊ သင်္ဘောများ ခိုးယူနေသောဂိုဏ်းအား ဖော်ထုတ် ဖမ်းဆီးနိုင် ဧရာဝတီတိုင်းအတွင်း လှေ၊ သင်္ဘောများ ခိုးယူနေသောဂိုဏ်းအား ဖော်ထုတ် ဖမ်းဆီးနိုင် Reviewed by THITHTOOLWIN on 10:30 Rating: 5
Powered by Blogger.