နမ့်စန်တွင် မိုးကြိုးစက်ကွင်းမိ၍ လူ ၂ ဦး သေဆုံး


နမ့်စန်(တ) မေ - ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အမှတ် (၅) ကျေးရွာအုပ်စု တွင် မေလ ၂၃ ရက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့် က လျှပ်စီးလက်ပြီး မိုးကြိုးပစ်ခဲ့ရာ မိုးကြိုးစက်ကွင်းမိ၍ တောင်ယာလုပ်ငန်း လုပ်ကိုင်နေသူ ၂ ဦး နေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

မိုးကြိုးပစ်ခံရမှုကြောင့် အမှတ်(၅)ကျေးရွာအုပ်စု အမှတ်(၉)ကျေးရွာ အနီး ရှိ ယာခင်းတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေသူ နောင်ဖိုမီး ကျေးရွာ နေ အိုက်ကံ (၂၅)နှစ် နှင့် အမှတ်(၅) ကျေးရွာအုပ်စု အမှတ် (၇) ကွင်း အနီးတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေသော နမ့်လစ်ကျေးရွာအုပ်စု လွိုင်ဆိုင်းကျေးရွာနေ အိုက်ကြိမ် (၂၆) နှစ် တို့ ၂ ဦးမှာ နေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါသေဆုံးမှုဖြစ်စဉ်အား နမ့်စန်မြို့မရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နမ့်စန်တွင် မိုးကြိုးစက်ကွင်းမိ၍ လူ ၂ ဦး သေဆုံး နမ့်စန်တွင် မိုးကြိုးစက်ကွင်းမိ၍ လူ ၂ ဦး သေဆုံး Reviewed by THITHTOOLWIN on 21:43 Rating: 5
Powered by Blogger.