မိုးကောင်းဘူတာနှင့် နမ္မတီးဘူတာကြား၌ အမျိုးသားတစ်ဦး ရထားကြိတ်သေဆုံး


မိုးကောင်း - မေ ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းရှိ မိုးကောင်း-နမ္မတီး ရထားလမ်းပေါ်တွင် မေ၁၈ရက် ညနေ၄နာရီခန့်က အမျိုးသားတစ်ဦး ရထားကြိတ်၍သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။


ဖြစ်စဉ်မှာ နမ္မတီး-မိုးကောင်း ရထားမိုင်တိုင်အမှတ်(၆၈၈/၄ နှင့် ၃)ကြားတွင် မီးရထားကြိတ်မိကာ သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား မြစ်ကြီးနားမှ ထွက်ခွာလာသည့် အမှတ်(၅၆)အစုန် အထူးအမြန်ရထားဖြင့် မိုးကောင်းဘူတာသို့ သယ်ဆောင်လာခဲ့ကြောင်း သတင်းအရ မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ခင်မောင်ထွေးနှင့် တပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာ မုံရွာမြို့၊သလ္လာရပ်ကွက်နေ ဦးကျော်ကျော်(၄၉)နှစ်ဖြစ်ကြောင်းနှင့် သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်ကို သိရှိနိုင်ရန် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပိုဆောင်၍ ရဲဆေးစာစစ်ချက်များရယူထားကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဝင်းနိုင် - ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
မိုးကောင်းဘူတာနှင့် နမ္မတီးဘူတာကြား၌ အမျိုးသားတစ်ဦး ရထားကြိတ်သေဆုံး မိုးကောင်းဘူတာနှင့် နမ္မတီးဘူတာကြား၌ အမျိုးသားတစ်ဦး ရထားကြိတ်သေဆုံး Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.