![]() |
စစ်ပွဲတွေရပ်ဖို့ ရန်ကုန်မြို့ တာမွေအဝိုင်းမှာ ဆန္ဒပြတောင်းဆိုသူတွေကို ၂ဝ၁၈ ခုနှစ် မေလ ၁၂ ရက်နေ့က တွေ့ရစဉ်/ Photo: Aung Thain Kha/RFA |
ဆန္ဒပြသူတွေက လူစုခွဲချိန်မှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးတာဟာ လူ့အခွင့်အရေး ချိုးဖောက် ရာရောက်ကြောင်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ ဒီနေ့ တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က သူတို့အနေနဲ့ လူအခွင့်အရေးချိုးဖောက်မှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ စုံစမ်းမှုတွေ ပြုလုပ်ပြီး စစ်ဆေးတွေ့ရှိချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တိုင်းရဲတပ်ဖွဲ့ထံ အကြောင်းကြားစာပေးပို့သွားမယ်လို့လည်း ပြောပါတယ်။
အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေထဲက ကိုဇေယျာလွင်၊ ကိုမြတ်ကျော်၊ မခင်စန္ဒာ၊ ကိုတင်ထွတ်ပိုင် စတဲ့ ၈ဦးကို ဖမ်းဆီးပြီး ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်ကာ အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။ ဒါ့အပြင် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မောင်ဆောင်းခ၊ မရှားယမုံ၊ ကိုသက်ဆွေဝင်း၊ ကိုမိုးဃ်သွေး၊ မသဉ္ဇာရွှန်းလဲ့ရည် စတဲ့ ၉ဦးကိုလည်း ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ ဗဟန်းမြို့နယ်ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။
RFA Burmese
https://www.rfa.org/burmese
ငြိမ်းချမ်းရေးဆန္ဒပြပွဲကို ရဲဖြိုခွဲမှု လူ့အခွင့်အရေးကော်မရှင် စုံစမ်းစစ်ဆေးမည်
Reviewed by THITHTOOLWIN
on
19:26
Rating:
