ခိုးဝင်​လာသည့် တရုတ်​နိုင်​ငံသား ရေနစ်​​သေဆုံးမှုဖြစ်​ပွား


ကချင်​ပြည်​နယ်​၊ ဗန်း​မော်​မြို့နယ်​တွင်​ နယ်​စပ်​လမ်း​ကြောင်းမှ ခိုးဝင်​လာသည့်​ တရုတ်​နိုင်​ငံသားတစ်​ဦး ငှက်​​ ပျောခြံ​ရေကန်​အတွင်း​ရေနစ်​​သေဆုံးမှုဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။

မေ ၂၃ ရက်​ နံနက်​ ၈ နာရီခွဲခန့်​က ဗန်း​မော်​မြို့နယ်​၊ ခူးလီ​ကျေးရွာရှိ ​တော်​ဝင်​ရဲထွဋ်​ကုမ္ပဏီပိုင်​ ငှက်​​ပျောခြံအတွင်းရှိ ​ရေကန်​၌ တရုတ်​နိုင်​ငံသားတစ်​ဦး ​ရေနစ်​​သေဆုံး​ကြောင်း သတင်းအရ မြို့နယ်​ လဝကဦးစီးမှူးဦးမြင့်​​ကျော်​၊ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်း​ဇော်​နှင့်​အဖွဲ့က သွား​ရောက်​စစ်​​ဆေးခဲ့ကြသည်​။

ထိုသို့စစ်​​ဆေးရာတွင်​ ​သေဆုံး​နေသူမှာ ရန်​ကျုံးဟူ(၁၉) နှစ်​၊ ထိန်​ချုံးမြို့၊ ကွမ်​ရှင်းပြည်​နယ်​၊တရုတ်​နိုင်​ငံ​နေသူဖြစ်​ပြီး ၎င်းသည်​​မေ ၁၉ ရက်​​နေ့က မြန်​မာ-တရုတ်​နယ်​စပ်​ လွယ်​ဂျယ်​လမ်း​ကြောင်းမှ တရားမဝင်​ခိုးဝင်​လာပြီး မိုး​မောက်​မြို့သို့​ရောက်​ရှိစဉ်​ ညီအစ်​ကို ဝမ်းကွဲ​တော်​စပ်​သူ ရန်​ဟူးထင်​(၃၀)နှစ်​ကသွား​ရောက်​ကြိုခဲ့ကာဗန်း​မော်​မြို့ နယ်​၊ ခူးလီ​ကျေးရွာရှိ ​တော်​ဝင်​ရဲထွဋ်​ကုမ္ပဏီပိုင်​ ငှက်​​ပျောခြံသို့ ​ခေါ်​ဆောင်​ခဲ့သည်​ဆို၏။

မေ ၂၂ ရက်​ ညပိုင်းက အရက်​အတူတူ​သောက်​ခဲ့ပြီး ​မေ ၂၃ရက်​ နံနက်​ ၆ နာရီခန့်​တွင်​ အိပ်​ယာမှ နှိုးလာချိန်​ ညီဖြစ်​သူ ရန်​ကျုံးဟူ အား မ​တွေ့ရ၍ လိုက်​လံရှာ​ဖွေရာ ငှက်​​ပျောခြံအတွင်းရှိ ငှက်​​ပျောခင်း​ရေသွင်းရန်​ တူးထား​ သော ​ပေ(၁၀၀)ပတ်​လည်​အကျယ်​​ရေအနက်​(၉)​ပေခန့်​ရှိ ​ရေကန်​အတွင်း၌ ​ရေနစ်​​သေဆုံး​နေသည်​ကို ​တွေ့ရ​ ကြောင်း ရန်​ဟူးထင်​ က ​ပြောပြခဲ့သည်​။

သေဆုံးမှုနှင့်​ပတ်​သက်​ပြီး ဓမ္မတာအတိုင်း​သေဆုံးခြင်းဟုတ်​မဟုတ်​ သိရှိနိုင်​ရန်​ ဗန်း​မော်​မြို့မရဲစခန်းက ​သေမှု​သေခင်း​ရေးဖွင့် စစ်​​ဆေးနိုင်​​ရေး​ ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရသည်​။

ဗန်းမော်ပွင့်သစ်
ခိုးဝင်​လာသည့် တရုတ်​နိုင်​ငံသား ရေနစ်​​သေဆုံးမှုဖြစ်​ပွား ခိုးဝင်​လာသည့် တရုတ်​နိုင်​ငံသား ရေနစ်​​သေဆုံးမှုဖြစ်​ပွား Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.