အစ္စရေးနိုင်ငံ ဂါဇာဒေသမှာ ဆန္ဒပြသူ ပါလက်စတိုင်း ၅၀လောက်၊ အစ္စရေးလုံခြုံရေးတွေရဲ့ လက်ချက်နဲ့ သေဆုံးရတာကြောင့် တူရကီအာဏာပိုင်တွေက အစ္စရေးသံအမတ်ကြီးကို ဌာနေ ခေတ္တပြန်လွှတ်လိုက်ပါတယ်။
သံအမတ်ကြီးကို တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်လိုက်ပြီး နောက် အစ္စရေးကို ပြန်လွှတ်လိုက်တာ ဖြစ်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန အမည်မဖေါ်လိုတဲ့ အရာရှိတဦးက ပြောပါတယ်။
အလားတူပဲ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှာ ရှိတဲ့ တူရကီသံအမတ်ကြီးကိုလည်း အခြေအနေတွေ သုံးသပ်ဆွေးနွေးဖို့ တူရကီကို ခေတ္တ ပြန်ခေါ်လိုက်ပါတယ်။
ပါလက်စတိုင်းလူမျိုးတွေ သေဆုံးရတာကို ၀မ်းနည်းခြင်းအထိမ်းအမှတ် သုံးရက်တိတိ သတ်မှတ်လိုက်ပြီး နိုင်ငံတော်အလံကို တ၀က်လွှင့်ထူထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဂါဇာဒေသ အကြမ်းဖက်မှု အစ္စရေးသံအမတ်ကို တူရကီ နှင်ထုတ်
Reviewed by THITHTOOLWIN
on
09:59
Rating:
